ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုများကြောင့် အားကစားသမားများ၏ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကို အကြောင်းပြ၍ အဖွဲ့ဝင် ၁၃၇ ဦးပါဝင်သော ကမ္ဘောဒီးယားအားကစားအဖွဲ့ သည် ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) မှ နုတ်ထွက်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားအဖွဲ့သည် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်မှ နုတ်ထွက်ကြောင်း ကြေညာပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ပြကာ ကြာသပတေးနေ့တွင် ၎င်းတို့နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် ပြိုင်ပွဲစီစဉ်သူများထံ နုတ်ထွက်ကြောင်း အတည်ပြုစာတရားဝင် တင်သွင်းရန် ယင်းအဖွဲ့က စီစဉ်ထားသည်။

ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့သည် ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည်။

အားကစားသမားနှင့် ဝန်ထမ်း ၁၃၇ ဦးပါဝင်သည့် အဖွဲ့သည် ကြာသပတေးနေ့တွင် ဖနွမ်းပင်သို့ ပြန်ရန် ဘန်ကောက်မှ ထွက်ခွာမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းအိမ်ရှင်များ၏ နွေးထွေးသော ကြိုဆိုမှုအတွက် ဝမ်းသာသော်လည်း နယ်စပ်တလျှောက် မရေရာမှု များကြောင့် အားကစားသမားများ၏ လုံခြုံရေးကို စိုးရိမ်နေရဆဲဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။

ထို့ကြောင့် အဖွဲ့သည် မူလက ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် အားကစားနည်း ၁၂ မျိုးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

The Nation မှ Cambodian athletes withdraw from 33rd SEA Games အား သောမတ် ဘာသာပြန် သည်။

ဓာတ်ပုံ- ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *