The Sixth Robber (2025)

ဒီဇာတ်ကားကတော့ အခြေအနေအရပ်ရပ်ကြောင့် မဖြစ်ချင်ပဲဓားပြဖြစ်ခဲ့ပြီး ဒီမကောင်းတဲ့လမ်းကိုပဲဆက်လျှောက်ခဲ့ရတဲ့ ဘဝရဲ့သားကောင်တစ်ယောက်အကြောင်း မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
တစ်နိုင်ငံလုံးကိုလှုပ်ခတ်စေခဲ့တဲ့ ဘဏ်ငွေတင်ကားဓားပြတိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဓားပြတွေက ဓားပြတိုက်ပြီးရလာတဲ့ငွေတွေကို ဝေစုခွဲရင် အချင်းများပြီးအပြန်အလှန်ပစ်ကြရာ ၄ယောက်သေပြီး ၁ယောက်ဒဏ်ရာရသွားပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးကျန်းကျီထောင်းက ဒီအမှုမှာ ၆ယောက်မြောက်တရားခံရှိဦးမယ်ဆိုတာကို သတိပြုခဲ့မိပေမယ့် သက်သေမရှိတာကြောင့် ရဲဘက်ကဆက်ပြီးစုံစမ်းစစ်ဆေးလို့မရပဲ ဒီဓားပြမှုကဒီလိုနဲ့ပြီးသွားခဲ့ပါတယ်။
(၈)နှစ်ကြာပြီးနောက်မှာတော့ ဒဏ်ရာရပြီးထောင်ကျသွားတဲ့ ဝူရှန့်လီကထောင်ကပြန်လွတ်လာပါတယ်။
ထောင်ကထွက်လာခါစဝူရှန့်လီက ၆ ယောက်မြောက်တရားခံကိုပြန်ဆက်သွယ်ပြီး နောက်ထပ်ဓားပြတိုက်ဖို့ ကြိုးစားပါတယ်။
တစ်ဖက်မှာလဲ စုံစမ်းစစ်ဆေးရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရဲဘက်ကလဲသဲလွန်စအသစ်တွေရလာပါတယ်။
ကျန်းကျီထောင်းက အကြိမ်ကြိမ်အသက်နဲ့ရင်းပြီး အမှုကိုစုံစမ်းခဲ့ပြီး ဓားပြတွေနဲ့ ဉာဏ်ချင်းယှဉ်ခဲ့ပေမယ့် အကြိမ်ကြိမ်လွဲချော်နေခဲ့ပါတယ်။
အမှုကပိုပြီးတင်းမာလာတာနဲ့အမျှ ငွေတင်ကားဓားပြမှုအသစ်ထပ်ဖြစ်လာပြီး နောက်ကွယ်မှာပုန်းနေတဲ့ ၆ ယောက်မြောက်တရားခံကရော ဘယ်လိုအတွက်တွေခင်းဦးမလဲဆိုတာ….



Leave a Reply