ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာရှေ့မှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်က သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားကနေတဆင့် ကား ၆ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။

မိုးအောင်ရင်ရဲ့ ကားဟာ ကုက္ကိုင်းတံတားပေါ်ကနေ အရှိန်နဲ့ မောင်းနှင်လာပြီး မီးပွိုင့်မှာ ရပ်ထားတဲ့ ကားတွေကို တိုက်မိရာမှ ဆင့်ကဲတိုက်မှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။

ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာမရရှိပေမဲ့ ကားတွေကတော့ တော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ဟာ ၂၀၁၆ ခု သြဂုတ်လအတွင်း မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် ၂၀၁၈ ခု နိုဝင်ဘာမှာ ပုဇွန်တောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီးနောက် ၂၀၁၉ ခု မေ ၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
မြန်မာပလာဇာရှေ့မှာ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားအပါအဝင် ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှေ့မှာ မနေ့ ဒီဇင်ဘာ ၁၀ ရက်၊ ည ၁၀ နာရီခွဲဝန်းကျင်က သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားအပါအဝင် ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်မှာ မြန်မာပလာဇာအနီး ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ခုံးကျော်တံတားပေါ်ကနေ အရှိန်နဲ့ ဆင်းလာတဲ့ Toyota Lexus အမဲရောင်ကားက မီးပွိုင့်မှာ တန်းစီနေတဲ့ EV ကား၊ Taxi နဲ့ အိမ်စီးကားတွေကို ဝင်တိုက်မိတာ ဖြစ်တယ်လို့ သိရပါတယ်။
“Toyota Lexus အမဲရောင်ကားက မိုးအောင်ရင် မောင်းလာတာလို့လည်း ပြောကြတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးမှ အဲဒီနားကို ရောက်သွားတာဆိုတော့ ဖြစ်စဉ် သေသေချာချာ မသိရဘူး။ မိုးအောင်ရင်ကတော့ အေးအေးဆေးဆေးပဲ။ သူ့ ကောင်မလေးလည်း ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း မတွေ့ရဘူး။ တခြားသူတွေလည်း ဒဏ်ရာရတာ မရှိဘူး။ ကားတွေကတော့ ကားတိုက်တဲ့အရှိန် ပြင်းပုံရတယ်။ တော်တော်ပျက်စီးသွားတာ” လို့ တက္ကစီယာဉ်မောင်း တယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်မှာ စုစုပေါင်း ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ခဲ့တာလို့ ပြောဆိုမှုတွေလည်း ရှိနေပြီး နှစ်စီးကတော့ အနည်းငယ် ထိခိုက်ပွန်းခြစ်ရာလောက်သာ ဖြစ်သွားတာမို့ အခင်းဖြစ်နေရာက ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ ဒီဇင်ဘာ ၁၀ ရက်မှာပဲ ည ၁၀ နာရီ ၁၇ မိနစ်ဝန်းကျင်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့မှာ ဆီဘောက်ဆာယာဉ် တစီးက ရပ်ထားတဲ့ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ပြီး ကားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
အဲဒီ မီးလောင်မှု ဖြစ်ပွားရာနေရာကို မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်း၊ မှော်ဘီမြို့နယ် မီးသတ်စခန်း၊ အင်းစိန်ခရိုင် မီးသတ်စခန်းနဲ့ ပုလဲ အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ယာဉ် ခြောက်စီး၊ မီးသတ်ရေသယ်ယာဉ် ငါးစီး၊ LUF-60 ယာဉ် တစီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြတာမှာ ည ၁၀ နာရီ ၅၄ မိနစ်ဝန်းကျင်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၊ ချော်တွင်းကုန်းမီးပွိုင့် အနီးမှာ ရပ်ထားတဲ့ ကားသုံးစီးကို အိမ်စီးကား တစီးက ဝင်တိုက်မိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလိုပဲ ဇွန်လ ၁၅ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီးမှာ YBS (၆၁) ယာဥ်တစီးက ရပ်ထားတဲ့ ကိုယ်ပိုင်ကား တစီးကို ဝင်ရောက် တိုက်မိခဲ့ရာမှ ကားသုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – Oo Pyae


Leave a Reply