သီတာယုမွန်ပျူစောထီးနှင့်စစ်သား မိုင်းဆွဲခံရမှု ၁၅ ဦးခန့်ပြင်းထန်းဒဏ်ရာရ
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မြောက်ဘက် ကျောက်ပြုတ်မှထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ကထုတ်ပြန်သည်။
ဒီဇင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ခွဲဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ကျေးရွာမှ ထွက်လာသည့် သီတာယုမွန်ပျူစောထီးအဖွဲ့နှင့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကျောက်ပြုတ် ဘုရားကုန်းအနီးမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ၁၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း၊အထိနာသွားသည့် စစ်အုပ်စုဝင်များသည် ရမ်းသန်းပစ်ခတ်ပြီး ပြန်လည်ထွက်ပြေးသွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ၊ Myingyam DangerDynamite အဖွဲ့နှင့် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Leave a Reply