Aaromaley (2025)

“အောင်သွယ်တော်ဖူးစာ”
အာဂျစ်က အချစ်ဆိုတာ ရုပ်ရှင်တွေထဲကလို မိုးရေထဲမှာ ကခုန်ကြတာမျိုး ပန်းခင်းတဲ့လမ်းမှာ လျှောက်ရတာမျိုးလို့ ယုံကြည်ထားတဲ့ စိတ်ကူးယဉ်အချစ်သမားတစ်ယောက်။
အန်ဂျလီကတော့ အချစ်ဆိုတာကို စိတ်ခံစားမှုနဲ့မဟုတ်ဘဲ ယုတ္တိဗေဒကျကျသုံးသပ်ပြီး ရှောင်ကြဉ်တဲ့အပြင် အချစ်ဆိုတာကိုပါ မုန်းတီးနေတဲ့သူ။
ဖြစ်ချင်တော့ သူတို့နှစ်ယောက်ရဲ့အလုပ်အကိုင်က အောင်သွယ်တော်အေဂျင်စီတစ်ခုမှာ။
ဆိုတော့ တစောင်းစေးနဲ့မျက်ချေးဆိုသလို အတော်လေးကို အဆင်မပြေကြသူတွေပေါ့။
ဒီလို ဆန့်ကျင်ဘက်စိတ်ခံယူမှုတွေနဲ့ နှစ်ယောက်ကြားမှာ ဘယ်လိုလှပတဲ့ ဆက်နွယ်မှုလေး ဖြစ်ပေါ်လာမလဲဆိုတာကတော့ ဒီတမီလ်Rom-Comရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး။



Leave a Reply