Cardcaptor Sakura: The Movie

Cardcaptor Sakura: The Movie

Cardcaptor Sakura: The Movie (1999)

၄ တန်းအရွယ် Sakura Kinomoto ဆိုတဲ့ကောင်မလေးဟာ “The Clow” ဆိုတဲ့ လျှို့ဝှက်ထူးဆန်းတဲ့စာအုပ်ကို ရှာတွေ့ပြီး မရည်ရွယ်ပဲ ကဒ်တွေကို မြို့အနှံ့ ပြန့်ကျဲစေခဲ့ပါတယ်။

အဲဒါဟာ မှော်ဆရာ Clow Reed ဖန်တီးထားတဲ့ Clow Cards တွေဖြစ်ပြီး တစ်ကဒ်ချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိကြပါတယ်။ အဲဒါပြန့်ကျဲစေတဲ့အတွက် အန္တရာယ်များတာကြောင့် Sakura ဟာ Cardcaptor ဆိုတဲ့ဂုဏ်ဘွဲ့နဲ့အတူ မှော်အစွမ်းတွေရလာပြီး Kero ဆိုတဲ့ကောင်လေးနဲ့အတူ ဒါတွေကို ပြန်ရှာဖို့ ဖြစ်လာတဲ့ဇာတ်လမ်းလေးပါ။

ဒီဇာတ်ကားလေးထဲမှာတော့ အဲဒီလိုမျိုး ရှာဖွေရင်း သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာနေနေတဲ့ Sakura တစ်ယောက် ဆောင်းပိတ်ရက်အရောက်မှာ ထူးဆန်းတဲ့ကံစမ်းမဲပေါက်ပြီး ဟောင်ကောင်ကို လည်ပတ်ဖို့ ဖြစ်လာပါတော့တယ်။

တစ်ချိန်တည်းမှာလည်း ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ဆက်တိုက်မက်နေခဲ့တာပါ။

အဲဒါ အမျိုးသူငယ်ချင်းတွေနဲ့ ဟောင်ကောင်မှာ လည်ပတ်နေချိန် ထူးဆန်းတာတွေ ဖြစ်ပေါ်လာပြီး ခါတိုင်းမက်နေတဲ့ အိပ်မက်နဲ့ပါ ဆက်စပ်နေတဲ့အပြင် မှော်ဆရာကြီး Clow Reed နဲ့ သက်ဆိုင်တဲ့ဇာတ်လမ်းတွေလည်း ဖြစ်နေတာကြောင့် ဘယ်လိုတွေ အဖြေရှာပြီး ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမယ့် Oldie Anime လေးတစ်ကား ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *