The Great Shamsuddin Family

The Great Shamsuddin Family (2025)

“တလွဲမိသားစု”

အမေရိကန်က တက္ကသိုလ်တစ်ခုမှာ အလုပ်လျှောက်ဖို့ သတ်မှတ်ချိန် ၁၂ နာရီအတွင်းမှာ အသည်းအသန် ကြိုးစားနေရတဲ့ ဘာနီ။

ဒတ်လိုင်းကြောင့် အချိန်မရှိပါဘူးဆိုကာမှ ငွေသားနှစ်ဆယ့်ငါးသိန်းနဲ့ မဖွင့်တဲ့ဘဏ်မှာ ငွေအရေးတကြီးသွင်းဖို့ ရောက်ချလာတဲ့ ညီမဖြစ်သူကြောင့် တပူပေါ်နှစ်ပူဆင့်ရ။

ဘဏ်မှာ အရေးတကြီးငွေသွင်းရမှာက အမေဖြစ်သူအကောင့်ကနေ ချက်လက်မှတ်အတုလုပ် ထုတ်ထားမိပြီး ဘုရားတောင်ဝတ်မပြုတဲ့အမေက မက္ကာမြို့ကြီးဆီ ညီမတတွေ ဘုရားဖူးခရီးစဉ်ထွက်မှာမို့ အကောင့်ကနေ ငွေထုတ်ဖို့ ဘဏ်သွားတဲ့အခါ သိသွားမစိုးလို့တဲ့။

ဘဏ်မှာငွေသွင်းဖို့ ညီမတတွေအပူတပြင်းကြိုးစားနေချိန် အမေနဲ့အဒေါ်ဖြစ်သူကလည်း အခန်းဆီကို
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါရော။

ဒေလီမြို့ကြီးမှာရှိတဲ့ ဘာနီရဲ့ တိုက်ခန်းလေးဆီကနေ မိသားစုအရှုပ်တော်ပုံအမျိုးမျိုးကို
ဟာသနှောလို့ ခံစားကြည့်ရှုကြရမှာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *