Ginger Snaps Back: The Beginning (2004)

Ginger Snaps Back: The Beginning ဟာနာမည်ကျော်သမန်းဝံပုလွေရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Ginger Snaps ရဲ့နောက်ဆုံးကားဖြစ်ပြီး ဇာတ်လမ်းကတော့ prequel ဖြစ်သွားပါတယ်။
ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ညီအစ်မကို ဒီဇာတ်ကားမှာတော့ ၁၉ ရာစုကနေဒါရဲ့သားမွေးကုန်သွယ်ရေးခေတ်မှာ တွေ့မြင်ရမှာပါ။
ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ဟာ လူသူမနီးတဲ့တောအုပ်ထဲမှာလှည့်လည်သွားလာရင်း ဘရစ်ဂျစ်တစ်ယောက် ဝက်ဝံထောင်ချောက်ကိုနင်းမိခဲ့ပါတယ်။
အဲ့ဒီမှာ အင်ဒီးယန်းလူငယ်တစ်ယောက်က သူတို့ကိုကယ်တင်ပေးခဲ့ပြီး အနားမှာရှိတဲ့ ခံတပ်တစ်ခုအတွင်းကိုရောက်ရှိသွားရာကနေ အတွင်းမှာရှိနေတဲ့ လူတွေရဲ့စိတ်ဝမ်းကွဲမှု သံသယတွေ၊ အပြင်ကနေ ဝင်လာဖို့လှည့်ပတ်ချောင်းမြောင်းနေတဲ့ သမန်းဝံပုလွေတွေ၊ အထဲမှာရှိနေနှင့်ပြီးသား အသွင်မပြောင်းသေးတဲ့ သူတွေနဲ့ရင်ဆိုင်ရပုံတွေကိုသဲထိတ်ရင်ဖိုကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။



Leave a Reply