The Son of a Thousand Men

The Son of a Thousand Men

The Son of a Thousand Men (2025)

၂၀၂၅ ခုနှစ်ထွက် “The Son of a Thousand Men” (O Filho de Mil Homens) ရုပ်ရှင်ဟာ ဘရာဇီးလ်ဒရာမာဇာတ်ကားဖြစ်ပြီး Valter Hugo Mãe ရဲ့ အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ Netflix ကနေ ကမ္ဘာအနှံ့ ပြသခဲ့ပါတယ်။

ဒါရိုက်တာ Daniel Rezende ရိုက်ကူးပြီး အထီးကျန်ဆန်တဲ့တံငါသည် Crisóstomo အဖြစ် Rodrigo Santoro က သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို မြင်ကွင်းအလှအပတွေနဲ့ ပြည့်စုံတဲ့မိသားစုကို ဖန်တီးတည်ဆောက်ပုံ၊ အချစ်၊ အထီးကျန်မှုနဲ့ လက်ခံမှုတို့ကိုထည့်သွင်းဖော်ပြထားပါတယ်။

ဇာတ်လမ်းရဲ့ အဓိကအချက်မှာ သားတစ်ဦးကို အသည်းအသန်လိုချင်နေတဲ့ အသက် ၄၀ အရွယ် တံငါသည် Crisóstomo အကြောင်းဖြစ်ပါတယ်။

သူ့ဘ၀ဟာ အသက် ၁၄ နှစ်အရွယ် မိဘမဲ့ကောင်လေး Camilo နဲ့တွေ့ဆုံပြီး တရားဝင်မဟုတ်ဘဲ မွေးစားလိုက်ရင်း ပြောင်းလဲသွားခဲ့တယ်။

မမျှော်လင့်ထားဘဲ အတိတ်ကထွက်ပြေးလာတဲ့ အမျိုးသမီး Isaura အပါအဝင် တခြားအဖိနှိပ်ခံ တွေနဲ့အတူ ပုံမှန်မဟုတ်တဲ့ မိသားစုတစ်စုကို တည်ထောင်ခဲ့တော့တယ်။

ဇာတ်ကောင် တစ်ဦးချင်းစီရဲ့ ဘ၀ဇာတ်ကြောင်းကို အခန်းအလိုက်ပြသထားပြီး လူ့သဘာဝနဲ့ ချစ်ခြင်း၊ ချစ်ခံရခြင်းကို လိုလားတောင့်တမှုတို့အပေါ် ရိုးရိုးရှင်းရှင်းနဲ့ စိတ်၀င်စားဖွယ် ရိုက်ကူးပြသထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *