📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Turbulence

Turbulence (2025)

ဒီဇာတ်ကားလေးကတော့ တစ်ကားလုံးနီးပါး လေပေါ်က မိုးပျံပူဖောင်းထဲမှာပဲ အချိန်ကုန်သွားပေမယ့် ရင်ဖိုစိတ်လှုပ်ရှားဖွယ် ဇာတ်အိမ်အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇက်ဆိုတဲ့ အမျိုးသားဟာ အဖေဖြစ်သူဆီက ကုမ္မဏီကြီးတစ်ခုလုံးကို အမွေရလိုက်တဲ့ သူဌေးသားလုပ်ငန်းရှင်ဖြစ်ပြီး သူ့မှာ အမ်မီဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ်။

ဒါပေမဲ့ အမ်မီဟာ လွန်ခဲ့တဲ့ ၆ လလောက်က ကိုယ်ဝန်ပျက်ကျခဲ့လို့ အပြစ်ရှိစိတ်တွေနဲ့ စိတ်ဓာတ်ကျနေတာကတစ်ကြောင်း ဇက်ကလည်း အလုပ်များတာကတစ်ကြောင်းမလို့ သူတို့ကြားမှာ ဆက်ဆံရေးတွေ အေးစက်နေပြီး အတူမနေဖြစ်ခဲ့တာလည်း ကြာပါပြီ။

ဒီတော့ ဇက်က အိမ်ထောင်ရေးပြန်လည်သာယာလာအောင်၊ ကလေးယူဖို့ ထပ်ကြိုးစားနိုင်အောင် အမ်မီနဲ့ နှစ်ယောက်သား အပန်းဖြေခရီးထွက်ဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီလိုစီစဉ်တဲ့ညမှာပဲ ဇက်က ဘားတစ်ခုမှာ အရက်သောက်နေတုန်း ဂျူလီယာဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားမှာ ပြဿနာတက်နေတာနဲ့ ဇက်ကပဲ အရက်ဝယ်တိုက်ပြီး ဒကာခံခဲ့ပါတယ်။

နောက်တစ်နေ့ ဇနီးဖြစ်သူ အမ်မီရောက်လာတော့ သူတို့လင်မယားနှစ်ယောက် မိုးပျံပူဖောင်းစီးဖို့ သွားကြပါတော့တယ်။

အဲဒီအချိန်မှာ တိုက်ဆိုင်စွာပဲ မနေ့ညက တွေ့ခဲ့တဲ့ကောင်မလေး ဂျူလီယာက သူတို့နဲ့အတူ မိုးပျံပူဖောင်းစီးဖို့ ရောက်လာခဲ့ပါတယ်။

တကယ်တော့ သူတို့က နှစ်ယောက်တည်းသီးသန့်စီးဖို့ ဘွတ်ကင်တင်ထားပေမဲ့ ဂျူလီယာက အတင်းလိုက်လာတာဖြစ်ပြီး ဇက်ကတော့ မစီးချင်ဘူးလို့ စိုးရိမ်တကြီးငြင်းပါတယ်။

သူ့မိန်းမကတော့ စိတ်ထဲသိပ်မထားပဲ ခေါ်ခဲ့လိုက်ဖို့ပြောတဲ့အတွက် မိုးပျံပူဖောင်းမောင်းတဲ့သူရယ်
သူတို့ သုံးယောက်ရယ် လေပေါ်စတက်ပါတော့တယ်။

ဒီတော့ လေပေါ်ရောက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ…..

ဇက်ကရော ဘာကို စိုးရိမ်နေတာလဲ၊ ဂျူလီယာကရော သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ……

ဒီနေရာကို ဘယ်လိုသိပြီးရောက်လာတာလဲ…..

နောက်ကွယ်မှာ ဘာအကြောင်းတရားတွေရှိလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်