အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း

ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang Garment အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးတစ်ဦးကို တရုတ်သူဌေး၏ လက်ထောက် မြန်မာအမျိုးသားက မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့​ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ အလုပ်အချိန်အတွင်း ယင်းကဲ့သို့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး စက်ရုံပိုင်ရှင်တရုတ်သူဌေးက ငွေကြေးဖြင့် အမှုမဖွင့်ရန် လုပ်ဆောင်ခဲ့ကြောင်း စက်ရုံအလုပ်သမားတချို့က ပြောကြားသည်။

ဝါးတရာစက်မှုဇုန်ရှိ Zhong Xin Wang Garment အထည်ချုပ်စက်ရုံရှိ အိမ်သာထဲတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးငယ်ကို စက်ရုံပိုင်ရှင် တရုတ်သူဌေး၏ လက်ထောက်က မုဒိမ်းကျင့်ခဲ့ပြီးနောက် နစ်နာသူ မိန်းကလေးငယ်ကို တရုတ်သူဌေးက ငွေကြေးပေး၍ အမှုမဖွင့်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ မုဒိမ်းပြုကျင့်သူမှာ အိမ်ထောင်သည်ဖြစ်ကြောင်း သိရှိရသည်။

“နစ်နာသူက နွမ်းပါးပြီး အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတစ်ဦးပါ။ အလုပ်ချိန်အတွင်း အိမ်သာထဲမှာ မုဒိမ်းကျင့်ခံခဲ့ရတာပါ။အခု အမှုမဖွင့်နိုင်အောင် တရုတ်သူဌေးက ငွေနဲ့လိုက်ရှင်းပြီး သတင်းတွေလိုက်ဖုံးနေတယ်။ ကျူး လွန်သူကလည်း သူဌေးလက်သတ်မွေးထားတဲ့သူဖြစ်ပြီး သူတို့က ‘ပြီးတယ် ပိုင်တယ်’ ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်နေတယ်” ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။

အဆိုပါ စက်ရုံကို တရုတ်နိုင်ငံသားဖြစ်သူ ကျန်းကျွင်းကျန့် (Zhang Jun Juan) က ပိုင်ဆိုင်ခြင်းဖြစ်ပြီး လှည်းကူးမြို့နယ်တွင်လည်း New Talent Garment အထည်ချုပ်စက်ရုံကို ပိုင်ဆိုင်သူဖြစ် ကြောင်း၊ တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံများတွင် တရုတ်နိုင်ငံသား ၅ ဦးမှ ၆ ဦးခန့်အထိ ရှိနေပြီး အလုပ် သမားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည့်အပြင် ခွဲခြားဆက်ဆံမှုများလည်း ရှိနေကြောင်း အလုပ် သမားများထံမှ သိရသည်။

မကြာသေးမီက Zhong Xin Wang စက်ရုံတွင် အလုပ်သမားတစ်ဦးဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး စက်ရုံ က ဓာတ်လိုက်၍ ထိခိုက်ခဲ့သော အလုပ်သမားကို ဆေးကုပေးခြင်းနှင့် လျှော်ကြေးပေးခဲ့ခြင်းမရှိကြောင်း၊ အထည်ချုပ်စက်ရုံ၏ အခြေအနေမှာ လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှု လုံး၀မရှိဘဲ တရုတ်သူဌေးက မြန်မာအလုပ် သမားများကိုလည်း ဖိနှိပ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *