ချင်းပြည်၊ ဖလမ်းမြို့အနီးတွင် ဒီဇင်ဘာလ (၁၃)ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA)ဦးဆောင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြားဒဏ်ရာရပြီး လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်အသုံးအဆောင်ထောက်ပံ့ပစ္စည်းများကို Y12 ထောက်ပို့ယာဉ်ဖြင့် လေကြောင်းမှ လာချပေးသည်ကို အကြမ်းဖက်စစ်သားများက သယ်ယူနေကြချိန် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဖက်မှ အများအပြားထိခိုက်ဒဏ်ရရှိခဲ့သလို စစ်‌အသုံးအဆောင်နှင့် ထောက်ပံ့ပစ္စည်းများကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းရခဲ့‌ကြောင်းလည်း သိရသည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ MA1 နှစ်လက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA4 တစ်လက်နှင့် MA ကျည်ဆံ ၅၈၀ တောင့်၊ MA ကျည်ဘောက် (၁၅)ခု၊ 60MM တစ်လုံး၊ အီနားဂါး တစ်လုံး၊ RT နှစ်လုံး၊ ဖုန်းတစ်လုံး၊ Land mine Jammer တစ်လက်သိမ်းဆည်းရခဲ့သည့်အပြင် ခြောက်လက်ပန်ကာ Drone တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁) ရက်နေ့ကလည်း ချင်းပြည်၊ ဝေဘူလမြို့မှ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းနှင့် CNA ဦးဆောင်သော ချင်းလ်န်းအစိုးရကာကွယ်ရေးတပ်ဖွဲ့တို့သည် Tiphir နှင့် Mangkheng ကြားတွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ငါးကြင်းမှီး၊ ကွန်မန်ဒိုစိန်ပြောင်း၊ စနိုက်ပါအပါအဝင် လက်နက်ကြီးငယ်စုစုပေါင်း ၂၉ လက်နှင့် စစ်ဘက်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့‌ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – The Voice of Chinland

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *