I Really Love My Husband

I Really Love My Husband (2025)

ပရိသတ်ကြီးရေ၊ ကြည့်နေကျ အချစ်ဇာတ်လမ်း တွေနဲ့မတူဘဲ၊ ခေတ်သစ် အိမ်ထောင်ရေးရဲ့ ရှုပ်ထွေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ထိထိမိမိ ချဉ်းကပ်တင်ပြထားတဲ့ I Really Love My Husband (2025) ကို မိတ်ဆက်ပေးပါရစေ။

ဒါရိုက်တာ G.G. Hawkins ရဲ့ ဒီပွဲဦးထွက် ဇာတ်ကားဟာ SXSW ရုပ်ရှင်ပွဲတော် မှာ ပြသခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတာဖြစ်ပါတယ်

ဇာတ်လမ်း အကျဉ်းချုပ်

ဇာတ်လမ်းက လက်ထပ်ပြီး တစ်နှစ်ကြာမှ နောက်ကျမှ ဟန်းနီးမွန်း ခရီးထွက်လာတဲ့ စုံတွဲဖြစ်တဲ့ ထရေးဆာ နဲ့ သူမရဲ့ ‘ရွှေမင်းသား‌ေလး’ လို ချစ်စရာကောင်းတဲ့ ခင်ပွန်း ဒရူး တို့အကြောင်းပါ သူတို့ဟာ ပနားမားနိုင်ငံက သာယာလှပတဲ့ ဘိုးဂတ် ကျွန်းကို ရောက်ရှိလာပါတယ်။

အပြင်ပန်းက ကြည့်ရင် ဒီစုံတွဲဟာ ပြီးပြည့်စုံနေပေမဲ့၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေနဲ့ ဝေးကွာပြီး ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ရောက်လာတဲ့အခါမှာတော့ ထရေးဆာ ရဲ့ စိတ်ထဲက ခင်ပွန်းအပေါ်က သံသယတွေ နဲ့ မကျေနပ်ချက်တွေ ဟာ တဖြည်းဖြည်း ပေါ်ထွက်လာပါတော့တယ်။

ထိုအချိန်မှာ သူတို့တည်းခိုတဲ့ အိမ်ငှားနေရာကို စီမံခန့်ခွဲပေးနေတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပက်ဇ် နဲ့ ဆုံဆည်းရပါတော့တယ် ပက်ဇ် ရဲ့ ဆွဲဆောင်မှုကြောင့် ထရေးဆာ ဟာ သူတို့ရဲ့ အိမ်ထောင်ရေး မီးစာပြန်တောက်ဖို့အတွက် ပုံမှန်မဟုတ်တဲ့ စိတ်ကူး တစ်ခုကို ခင်ပွန်းဖြစ်သူ ဒရူး ကို ကမ်းလှမ်းလိုက်ပါတယ်။

ဒီကမ်းလှမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေ၊ ဒရူး စုံတွဲရဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေနဲ့ နားလည်မှုလွဲမှားခြင်းတွေက သူတို့ရဲ့ သာယာလှပတဲ့ အားလပ်ရက်ကို ဖိအားများလာပြီး ပေါက်ကွဲမယ့်အဖြစ်ကို ပြောင်းလဲသွားပုံကို စိတ်ဝင်စားဖွယ် ရှုစားရမှာပဲ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *