Atlantics

Atlantics (2019)

ဆောက်လုပ်ရေးအလုပ်မှာ အလုပ်ကြမ်းသမားအနေနဲ့ လုပ်နေရတဲ့ ဆောလ်လမန်တို့အဖွဲ့ဟာ သုံးလစာလောက်မရသေးတဲ့အတွက် သူတို့လုပ်အားခတွေရှင်းပေးဖို့ပြောနေကြတယ်။

ပိုင်ရှင်ဖြစ်တဲ့ မစ္စတာအင်ဂျိုက်ကလည်း အကြောင်းအမျိုးမျိုးပြပြီးရှောင်နေတယ်။

မိသားစု၊ ညီအစ်ကိုမောင်နှမတွေ မိဘတွေကို ထောက်ပံ့နေရတဲ့ သူတို့အတွက် ဒီပိုက်ဆံတွေဟာ အသက်တမျှကို အရေးကြီးနေတာပေါ့။

ပြီးတော့ ဆောလ်လမန်ဆီမှာ သူချစ်ရတဲ့ အက်ဒါဆိုတဲ့ကောင်မလေးလည်းရှိသေးတယ်။

နှစ်ယောက်လုံးက ချစ်ကြတယ်ဆိုပေမဲ့ အက်ဒါက လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်ရမယ့်အနေအထားဖြစ်နေတယ်။

ဒီမှာဆက်နေလို့ ဘာမှမထူးတဲ့အတွက် ဆောလ်လမန်တို့ သူငယ်ချင်းတစ်ခုဟာ လှေတစ်စင်းနဲ့ ပင်လယ်ကိုဖြတ်ပြီး စပိန်ကိုထွက်သွားကြတယ်။

နောက်နေ့ရောက်တော့ ပင်လယ်ပြင်မှာမုန်တိုင်းကြောင့် ဆောလ်လမန်တို့ လှေမှောက်သွားပြီး အကုန်သေသွားကြတယ်။

အက်ဒါလည်း လူချမ်းသာနဲ့ လက်ထပ်လိုက်ရတယ်။

အက်ဒါ လက်ထပ်တဲ့နေ့မှာပဲ အိမ်ထဲမှာ ထူးဆန်းပြီး မီးလောင်တဲ့အခါမှာတော့…

Comments

Leave a Reply

Your email address will not be published. Required fields are marked *