The Wave (2015)

ဒီကားလေးကတော့ Norway နိုင်ငံရဲ့ အလှဆုံး ခရီးသွားဒေသတစ်ခုဖြစ်တဲ့ Geiranger မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးက တောင်တွေကာရံထားပြီး ရှုခင်းအရမ်းလှပပေမယ့်၊ မြို့ရဲ့အထက်မှာ Åkerneset ဆိုတဲ့ တောင်ကြီးက အချိန်မရွေးပြိုကျနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
မင်းသား Kristian က အဲဒီဒေသမှာတာဝန်ကျတဲ့ ဘူမိဗေဒပညာရှင် (Geologist) တစ်ယောက်ပါ။ သူက မိသားစုနဲ့အတူ မြို့ကြီးကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ နောက်ဆုံးရက်မှာပဲ တောင်ကြီးဆီက ထူးခြားတဲ့ မြေအောက်ရေ အပြောင်းအလဲနဲ့ Sensor အချက်ပြမှုတွေကို သတိထားမိလိုက်ပါတယ်။
သူ့စိတ်ထဲမှာ တစ်ခုခုလွဲနေပြီဆိုတာ အာရုံရနေပေမယ့် ခိုင်လုံတဲ့သက်သေမပြနိုင်ခင်မှာပဲ မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပါတော့တယ်။
တကယ်တမ်းအန္တရာယ်ကျရောက်လာပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ Kristian တို့မိသားစု အချိန်မီလွတ်မြောက်နိုင်ပါ့မလား?
တစ်မြို့လုံးက လူတွေရော ဘယ်လိုအသက်လုပြေးကြမလဲ?
သဘာဝဘေးအန္တရာယ်က သူတို့ထင်ထားတာထက် ဘယ်လောက်ပိုဆိုးရွားနေလဲ ဆိုတာတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျာ။



Leave a Reply