The Unseeable

The Unseeable

The Unseeable (2006)

အခုတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၀၆ ကထွက်ရှိထားတဲ့ ထိုင်းသရဲကားပဲဖြစ်ပါတယ်။

တုန်လှုပ်ခြောက်ခြားဖို့ အရမ်းကောင်းတာကြောင့် သရဲကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာအမှန်ပါပဲ။

ဇာတ်လမ်းအကျဉ်း

နွန်ကျန်ဆိုတဲ့ အမျိုးသမီးဟာ ယောကျာ်းဖြစ်သူ အိမ်ကထွက်သွားကတည်းက သတင်းအစအန လုံး၀မကြားရဘဲ အချိန်အကြာကြီးစောင့်မျှော်‌ခဲ့ရပါတယ်။

ဒီလိုနဲ့ နွန်ကျန်တစ်ယောက် ယောကျာ်းဖြစ်သူ ပြန်မလာတော့တဲ့အဆုံး ကိုယ်၀န်တစ်ဖက်နဲ့ ယောကျာ်းသွားရာ ဖရာ့နခွန်မြို့ကို လိုက်သွားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အဲ့ဒီမြို့မှာ အသိမိတ်ဆွေလုံး၀မရှိပေမယ့်လည်း လမ်းမှာဆုံတဲ့ အသိတစ်ယောက်‌ရဲ့ ကျေးဇူးကြောင့် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ အိမ်တော်ကြီးကို ရောက်သွားခဲ့ပါတယ်။

ကိုယ်၀န်တစ်ဖက်နဲ့မို့ အိမ်ရှင်က နေထိုင်ခွင့်မပေးဘဲ ခေတ္တတည်းခိုခွင့်ပေးခဲ့ပြီး နွန်ကျန်ကို ရှောင်ရမယ့်အရာတွေကြိုပြောခဲ့ပြီးသားပါ။

အိမ်ရှင်ပြောတဲ့ ရှောင်ရန်ဆောင်ရန်တွေကတော့ နွန်ကျန်ရဲ့ စူးစမ်းလိုစိတ်ကို အနိုင်မရရှိခဲ့ပါဘူး။

သိုပေမယ့် နွန်ကျန်မသိခဲ့တာက အဲဒီအိမ်တော်ကြီးမှာ အင်မတန်ကို ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာကိုပါပဲ။

နွန်ကျန်ရဲ့ ပြင်းပြလွန်းတဲ့ သိလိုစိတ်တွေဟာ သူ့ကို အရဲစွန့်စူးစမ်းဖို့ တိုက်တွန်းလာတဲ့အခါမှာတော့ ရှေ့ဆက် အဲ့ဒီအိမ်တော်ကြီးမှာ ဘယ်လို ကြောက်မက်ဖွယ်အရာတွေကြုံရမလဲ?

သူ့ရဲ့ယောက်ျားကိုရော ပြန်ရှာတွေ့မလား?

ဗိုက်ထဲက ကလေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို အတူစောင့်ကြည့်ရအောင်ပါ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *