📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

IO (2019)

Marvel ပရိသတ်တွေ ရင်းနှီးပြီးသား Avengers ဇာတ်ကားတွေထဲက Falcon (New Captain America) မင်းသား Anthony Mackie ပါဝင်သရုပ်ဆောင်ထားတဲ့ Sci-Fi Drama ဇာတ်ကား “IO” (2019) ကို ညွှန်းဆိုပေးချင်ပါတယ်။

ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ လူအများကြီးမပါဘဲ ဇာတ်ကောင်နှစ်ယောက်တည်းနဲ့ ဇာတ်အိမ်တည်ထားတာပါ။

နာမည်ကြီး The Passengers (2016) ဇာတ်ကားမှာ Chris Pratt နဲ့ Jennifer Lawrence တို့နှစ်ယောက်တည်း အာကာသယာဉ်ကြီးပေါ်မှာ ဇာတ်လမ်းဆင်ထားသလိုမျိုးပါပဲ။

ဒါပေမဲ့ “The Passengers” နဲ့ မတူတဲ့အချက်ကတော့ သူတို့နှစ်ယောက်ဟာ ခေတ်မီအာကာသယာဉ်ပေါ်မှာ ရှိနေတာမဟုတ်ဘဲ ပျက်စီးယိုယွင်းပြီး အဆိပ်ငွေ့တွေဖုံးလွှမ်းနေတဲ့ကမ္ဘာမြေကြီးပေါ်မှာ ကျန်ရစ်ခဲ့တဲ့လူနှစ်ယောက်အနေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကမ္ဘာကြီးဟာ လေထုညစ်ညမ်းမှုတွေကြောင့် လူတွေ နေထိုင်လိုမရတော့တဲ့ အခြေအနေ ရောက်သွားတဲ့အခါ လူအများစုဟာ ဂျူပီတာဂြိုဟ်ရဲ့လတစ်စင်းဖြစ်တဲ့ “IO” ဆီကို ပြောင်းရွှေ့သွားကြပါတယ်။

ဒါပေမဲ့ ဆမ်ဆိုတဲ့ သိပ္ပံပညာရှင်ကောင်မလေးကတော့ ကမ္ဘာမြေကြီးပြန်လည်ရှင်သန်လာနိုင်မယ့် နည်းလမ်းကိုရှာဖွေရင်ကျန်ရစ်ခဲ့ပါတယ်။

တစ်နေ့မှာတော့ မိုက်ကာဆိုတဲ့ မိုးပျံပူဖောင်းနဲ့ ခရီးသွားနေသူတစ်ယောက် ရောက်ရှိလာပါတယ်။

မိုက်ကာကတော့ ဆမ်နဲ့ဆန့်ကျင်ဘက်ပါပဲ။

သူက ကမ္ဘာကြီး ပျက်စီးသွားပြီလို့ လက်ခံထားပြီး IO ဆီကိုသွားမယ့် နောက်ဆုံး ထွက်ခွာမယ့် အာကာသယာဉ် Exodus ကို မီအောင်လိုက်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။

ကမ္ဘာမြေကို ပြန်လည်ကုစားချင်တဲ့သူနဲ့ ကမ္ဘာမြေကို စွန့်ခွာချင်တဲ့သူ… သူတို့နှစ်ယောက်ကြားက သံယောဇဉ်၊ အတွေးအခေါ်တွေနဲ့အတူ နောက်ဆုံးမှာ ဘယ်လမ်းကို ရွေးချယ်ကြမလဲဆိုတာကို Sci-Fi Romance Vibe လေးနဲ့ အေးအေးဆေးဆေး ခံစားကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်