Magik Rompak

Magik Rompak

Magik Rompak (2025)

ဖာရစ်ခ်၊ ဟာဒီနဲ့ ဝါဝါတို့ဟာ မျက်လှည့်ပညာ၊ ကွန်ပျူတာနည်းပညာ၊ ကိရိယာအသစ်အဆန်းတွေကိုရောစပ်အသုံးချပြီး ဖောက်ထွင်းမှုတွေကျူးလွန်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ သူတို့ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကိုပေးလှူလေ့ရှိပြီး သူတို့လုပ်နေတဲ့ အလုပ်တွေကလည်း ကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့်ပါပဲ။

တစ်နေ့မှာတော့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တစ်ချိန်ကမလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံးမျက်လှည့်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဟာဒီဟာ သူတို့သုံးယောက်ကိုဆက်သွယ်လာခဲ့ပြီး ကျူးလွန်ခဲ့သမျှ ဖောက်ထွင်းမှုတွေထဲမှာအကြီးဆုံးနဲ့ အခက်ခဲဆုံးဖြစ်လာမယ့် ရှားပါးသမိုင်းဝင်ရတနာတစ်ခုကို အတူတူခိုးဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတော့တယ်။

Now You See Me နဲ့ဇာတ်လမ်းချင်းဆင်နေသလိုပဲလို့ ထင်ကြမှာပါ။

ဒါပေမယ့် Now You See Me ကိုပြန်ရိုက်ထားတာတော့မဟုတ်ပါဘူး။

အနည်းဆုံး အင်စပိုင်းယားတာလောက်ပဲဖြစ်ပါလိမ့်မယ်။

နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ပြီး ခမ်းခမ်းနားနားရိုက်ထားတာဖြစ်လို့ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *