The Witness

The Witness (2015)

မမYang Mi နဲ့ EXO က Lu Han တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Blind ဆိုတဲ့ကိုရီးယားဇာတ်ကားကို Blindရဲ့ဒါရိုက်တာ Ahn Sang-hoonကပဲ တရုတ်ဗားရှင်းပြန်ဖန်တီးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ လုရှောင်ရှင်း (Yang Mi)ဟာ အလုပ်သင်ရဲမေတစ်ယောက်ဖြစ်ပြီးတော့ ကားအက်စီးဒင့်ဖြစ်ပြီး အဲဒီဖြစ်ရပ် သူ့ရဲ့မောင်လေးဆုံးသွားပြီး လုရှောင်ရှင်းကိုယ်တိုင်ကမျက်မမြင်ဖြစ်သွားခဲ့ပါတယ်။

အမြင်အာရုံကိုဆုံးရှုံးလိုက်ရပေမယ့် မထင်မှတ်ပဲတခြားအာရုံတွေက သိသိသာသာပိုထက်မြက်လာခဲ့ပါတယ်။

မောင်လေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် အချိန်တိုင်းကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့တဲ့ လုရှောင်ရှင်းဟာ အမှောင်ထဲမှာနေထိုင်နေပေမယ့် ပတ်ဝန်းကျင်က လှုပ်ရှားမှုတိုင်းကို ထိရှလွယ် ခံစားမိနိုင်နေတာပဲဖြစ်ပါတယ်။

တစ်နေ့မှာ မမျှော်လင့်ဘဲ လုရှောင်ရှင်းက ယာဉ်တိုက်မှုတစ်ခုရဲ့မျက်မြင်သက်သေဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့စူးရှတဲ့အာရုံတွေကို အခြေခံပြီး ထွက်ဆိုချက်ပေးခဲ့ပါတယ်။

လုရှောင်ရှင်းရဲ့ထူးကဲတဲ့အာရုံခံနိုင်စွမ်းကို ရဲအရာရှိတစ်ယောက်ကအာရုံစိုက်မိသွားပါတယ်။

လင်ချုံး( Lu Han) ကအဲဒီယာဉ်တိုက်မှုရဲ့ နောက်ထပ်မျက်မြင်သက်သေတစ်ယောက်ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ရဲ့ထွက်ဆိုချက်ကကွဲပြားနေပါတယ်။

တစ်ယောက်က အာရုံ(၅)ပါးလုံးကောင်းတဲ့ သာမန်လူတစ်ယောက်ဖြစ်ပြီးတော့ နောက်တစ်ယောက်က
မျက်မမြင်တစ်ယောက်…..

ဘယ်သူ့ကိုယုံကြည်ရမလဲ……

ဘယ်သူကလိမ်နေတာဖြစ်မလဲ…..


Comments

Leave a Reply

Your email address will not be published. Required fields are marked *