This Is Not What I Expected (2017)

ဟာသအချစ်ကားရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် သာမန်စားဖိုမှူးမလေး ကုရှန်းနန်ဟာ မာနကြီးတဲ့ဥက္ကဋ္ဌ လုကျင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။
နောက်ပိုင်းမှာ လုကျင့်ဟာ ကုရှန်းနန် အလုပ်လုပ်တဲ့ ဟိုတယ်မှာ တည်းခိုခဲ့ပြီး တစ်ယောက်ရဲ့ သရုပ်မှန်ကို တစ်ယောက်မသိဘဲနဲ့ ကုရှန်းနန်ဟာ သူ့ရဲ့အထူးဟင်းတစ်ခွက်ဖြစ်တဲ့ “စုန်းမစွပ်ပြုတ်” နဲ့ လုကျင့်ရဲ့ အလွန်ချေးများတဲ့အရသာခံအာရုံကို အနိုင်ယူနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ စားဖိုမှူးတစ်ယောက်နဲ့ အစားအသောက်မြည်းစမ်းသူတစ်ယောက်ကြားမှာ အစားအစာကနေတစ်ဆင့် အံ့ဩစရာကောင်းတဲ့ ရေစက်တစ်ခု စတင်ခဲ့ပါတယ်။
လုကျင့်ရဲ့ အိပ်မပျော်တဲ့ရောဂါဟာ တဖြည်းဖြည်းပိုဆိုးလာခဲ့ပေမယ့် မမျှော်လင့်ဘဲ ကုရှန်းနန်ရဲ့အိမ်က ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကို သူတွေ့ရှိခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အဲဒီဆိုဖာဟာ သူ့ရဲ့ကိုယ်ပိုင်အိပ်ရာဖြစ်လာပါတော့တယ်။
အချိန်တွေကြာလာတာနဲ့အမျှ အစားအသောက်တွေကတစ်ဆင့် ကုရှန်းနန်နဲ့ လုကျင့်ကြားမှာ နားလည်ရခက်တဲ့ ချစ်ခြင်းမေတ္တာတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်
ဒါပေမဲ့ လုကျင့်ဟာ သူ့အဖေရဲ့ တင်းကျပ်ပြီး အာဏာရှင်ဆန်တဲ့သွန်သင်မှုအောက်မှာ ကြီးပြင်းလာခဲ့သူဖြစ်ပြီး ကုရှန်းနန် ကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး အမှားလုပ်တတ်တဲ့သူတစ်ယောက်ပါ။
သူတို့နှစ်ယောက်ရဲ့ လုံးဝကွဲပြားခြားနားတဲ့ စရိုက်နဲ့ အဆင့်အတန်းတွေကြောင့် သူတို့ရဲ့စိတ်ထဲက တကယ့်ခံစားချက်တွေကို ဖုံးကွယ်ထားခဲ့ကြပြီး နားလည်မှုလွဲမှားမှုများစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။
အဲဒီပြဿနာတွေကြားမှာ သူတို့နှစ်ဦး နားလည်မှုပြန်ရနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။



Leave a Reply