Strike of Love

Strike of Love (2025)

Romance ဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် အချစ်၊ အလုပ်နဲ့ မိသားစုအမွေအနှစ်ကြား ဗျာများရမယ့် Strike of Love ဇာတ်ကားသစ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လောကမှာ အောင်မြင်ဖို့ကြိုးစားနေတဲ့ မန်ဒီ။ သူ့မှာ တွမ်ဆိုတဲ့ ရည်းစားတစ်ယောက်ရှိပြီး တွမ်ဟာ အောင်မြင်မှုအတွက်ဆိုရင် ခံစားချက်တွေကို ဘေးဖယ်ထားပြီး ဦးနှောက်နဲ့ပဲစဉ်းစားတတ်တဲ့ အိမ်ခြံမြေ ဂုရုတစ်ယောက်ဖြစ်ပါတယ်။

မန်ဒီရဲ့ဘဝအချိုးအကွေ့ကတော့ သူ့အဘိုးနဲ့အဘွားက အငြိမ်းစားယူပြီး ဖလော်ရီဒါကို ပြောင်းရွှေ့တော့မယ့်အချိန်မှာ သူတို့ပိုင်ဆိုင်တဲ့ လာရီနဲ့လူစီရဲ့လာဘ်ရွှင်ဘိုးလင်းကွင်းကြီးကို မန်ဒီဆီ လွှဲပြောင်းပေးလိုက်တဲ့အချိန်မှာ စတင်ပါတယ်။

တွမ်ကတော့ ဒီဘိုးလင်းကွင်းဟာ ခေတ်မမီတော့တဲ့အတွက် ချက်ချင်းရောင်းထုတ်ပြီး အမြတ်ထုတ်ဖို့ မန်ဒီ့ကို တိုက်တွန်းပါတယ်။

ဒီလိုနဲ့ မန်ဒီဟာ အိမ်တစ်အိမ်ပြရင်း တွေ့ခဲ့တဲ့ကြောင်ပေါက်လေးတစ်ကောင်ကိုကယ်တင်ရင်းနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ဂျက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

ဂျက်ကတော့ တွမ်နဲ့မတူဘဲ မန်ဒီ့ကို ကိုယ့်နှလုံးသားဆန္ဒအတိုင်း ရွေးချယ်ဖို့ အားပေးသူတစ်ယောက်ပါ။

တစ်ဖက်မှာ စီးပွားရေးတွက်က်ုက်မှုတွေနဲ့ပြည့်နှက်နေတဲ့ တွမ်၊ တစ်ဖက်မှာတော့ ရိုးရှင်းပြီး နွေးထွေးတဲ့ဂျက်…

မန်ဒီတစ်ယောက် ဘိုးလင်းကွင်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ကြုံရမလဲဆိုတာကိုတော့ Romance Vibe လေးနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *