မန္တလေးမြို့၊စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ကား၃စီးနဲ့ ပေါ်တာဆွဲနေတာကြောင့် ညနေ ၅ နာရီခွဲဆို ဈေးဆိုင်တွေပါ စောပိတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ ပျူစောထီးခေါင်းဆောင်အပါအဝင် စစ်အုပ်စုက ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီမှာ စစ်ကား ၃ စီးနဲ့ လမ်း ၉၀၊ ၃၄လမ်းပတ်ဝန်းကျင်ကို ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။

“လမ်းပေါ်မှာ ညနေ ၆ နာရီဆို လူကိုမရှိတော့ဘူး။ ဆဲဆိုပြီး တွေ့သမျှအကုန်ဆွဲတာ။ မိန်းကလေးတော့မပါဘူ။ ယောကျာ်း လေးပဲ ခေါ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ထွက်ကြည့်တဲ့ အမျိုးသမီးတွေကိုလည်းအဲဒီစစ်ကား တွေကဆဲဆိုသွားတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပုသိမ်ကြီး မြို့မပျူစောထီးအုပ်စုက ကုန်းတန်းရွာက လူငယ်တွေကို ပေါ်တာဆွဲခဲ့ပြီး တဦးကို ကျပ်သိန်း ၁၅၀ နဲ့ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။

စစ်တပ်က စစ်မှုထမ်းအပတ်စဉ်(၂၁)အတွက် ပေါ်တာဆွဲနေတာဖြစ်ပြီး ဒီနေ့လည်း စစ်ကိုင်းမြို့၊ ကျောက်ဝိုင်းအနီးမှာ အမျိုးသားအများအပြားကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

(၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူများကို နှိပ်နှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – STR/AFP)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *