ဗိုလ်မှူးဝေယံလင်း ဘဝကူးမှုကြောင့် မုန့်ဟင်းခါးချက်ရပြန်ပြီ၊ ကျန်၆၀ကျော်ကိုတော့ လူရာအသွင်း မခံကြ
ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်း အစပ်နား ညောင်ကျိုးစခန်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ အကောင်ကြီး ဝေယံလင်းဟာ ဘဝကူးနေပြီလို့ အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုနေကြ။
အကြောင်းကတော့ AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်ရဖို့ ဘဝကူးလက်မှတ်လာယူကြရင်း ဘဝကူး လက်မှတ်ထုတ်ပေးလိုက်ရတာ ဖြစ်တယ်။ ၆၀ ကျော်စာထုတ်ပေးရတဲ့ အတွက် အများအပြားရရှိပြီ ဖြစ်သောကြောင့် လက်မှတ်ကုန်နေလို့ တချို့က နောက်ဆုတ်လိုက်ကြပြီ။
“ကိုဝေကြီးရေ အရမ်းဝမ်းနည်းလိုက်တာ မနေ့က ခင်ဗျားအိမ်ကို ရောက်ခဲ့တယ်။ ငါတောင် မဖြေနိုင်လို့ ခင်ဗျားရဲ့ အမျိုးသမီးကို တရားသာဖြေပါလို့တောင် မပြောထွက်ဘူးဗျာ။ ‘မင်းရင်သွေးလေး နှစ်ယောက်အတွက် ကြံ့ကြံ့ခိုင်ပါ’ လို့ပဲအားပေးနိုင်ခဲ့တယ်။
ဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ကျောင်းဆင်းသူဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လွိုင်ကော် အခြေစိုက် ဒေသ ကွပ်ကွဲရေးဌာနချုပ်မှာလည်း G3 အဆင့် နဲ့ တာဝန်ယူဖူးတဲ့သူလို့ သိရပါတယ်။
ညောင်ကျိုးတပ်စခန်း တိုက်ပွဲ

ရခိုင်ပြည်နယ် ပန်းတောင်းမြို့နယ် (တောင်ကုတ်-ပန်းတောင်းလမ်းပိုင်း) ရှိ ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် (AA) က ယခုနှစ် မတ်လကတည်းက သိမ်းပိုက်ထားသည်။
စစ်ကောင်စီတပ်က ယင်းစခန်းကို ပြန်လည်သိမ်းပိုက်ရန် အင်အားများစွာဖြင့် ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး ဝေယံလင်း သေဆုံးခဲ့သည်ဟု စစ်တပ်အသိုင်းအဝန်းမှ သတင်းရရှိသည်။
ဗိုလ်မှူး ဝေယံလင်း သည် စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ကျောင်းဆင်း ဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် လွိုင်ကော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တို့တွင် G3 အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူ၏ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ဝမ်းနည်းခြင်းမက်ဆေ့ချ်တင်ထားသည်။ (See below)
စစ်ကောင်စီတပ်သည် ပန်းတောင်းမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် ခဲယမ်းမီးကျောက်ဆိုင်ရာ အရေးပါမှုကြောင့် ယင်းစခန်းကို ပြန်ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲတွင် ဗိုလ်မှူးသေဆုံးမှုအပါအဝင် ဆုံးရှုံးမှုများရှိပြီး စစ်ကြောင်း ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ဝေကြီးရေ မနေ့က မင်းအိမ်ကိုရောက်ခဲ့တယ်
ငါတောင်မဖြေနိင်လို့ မင်းရဲ့အမျိုးသမီးကို
တရားနဲ့ဖြေပါလို့ ပြောမထွက်ဘူး
မင်းရင်သွေးလေးနစ်ယောက်အတွက် ကြံခိုင်ပါလို့ပဲ အားပေးခဲ့တယ်
မင်းမမြင်လိုက်ရတဲ့ မင်းသမီးလေးအတွက်
ဘုရားသခင်ထံအပ်နှံပြီးလက်တင်ဆုတောင်းပေးခဲ့တယ်
ရန်သူရဲ့၁၀၂၇ စစ်ကစားမူမှာ စစ်မျက်နှာတွေမှ ငါတို့ အထိနားနေချိန်
ငါ့ကို ဗျူဟာမှူးပေးမယ်ဆို ငါလည်း ဗျုဟာမှူးဖြစ်ပြီး
နည်းဗျုဟာမှူးအနေနဲ့ ကွပ်ကဲရင်း ရန်သူနဲ့တိုက်ပွဲဝင်ရရင်း ကိုယ်ဘက်က အရေးနိမ့်လာရင် သေ၃သေဘယ်ဟာရွေးမလည်းဆိုတဲ့စိတ် ငါ့ကိုယ်ငါမေးမိတယ်
ခွင့်ပြုချက်မရပဲမဆုတ်ခွာပြီး သေဒဏ်ကျမခံနိင်ဘူး လက်နက်ချအညံ့ခံပြီး ဘဝအသေမခံဘူး

စစ်သားဘဝ အသေခံတိုက်မယ် ဆိုတဲ့ လမ်းကိုပဲရွေးမယ်လို့ ဆုံးဖြတ်ထားခဲ့တဲ့ ငါ့စိတ်
ငါက စိတ်နဲ့ပဲ ကြိုတင်ခံယူချက်ထားခဲ့တာ
မင်းက စစ်သားပီသစွာ ဒဏ်ရာကြောင့်
သွေးလွန်သေရမဲ့အစား လက်ပစ်ဗုံးနစ်လုံးကို
ကိုင်ပြီ အသေခံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတယ်
စစ်သားဘဝ အသက်စွန့်တိုက်တဲ့ဂုဏ်ဆိုတာတုနိုင်းလို့မမှီပါဘူး ဒါပေမဲ့ကွာ
မင်းရင်သွေးလေး နစ်ယောက်အတွက် အဖေဆိုတဲ့မင်းကိုရှိစေချင်တယ်
မင်းအမျိုးသမီးအတွက်
ခင်ပွန်ရှိစေချင်တယ် မင်းကိုငါမျှော်မှန်းခဲ့သလို
ငါလို အရာရှိကြီးဖြစ်စေချင်ခဲ့တယ်
အခုအချိန်မှာ ငါနဲ့ငါ့မိတ်ဆွေတွေက မင်းမိသားစု
ကူညီပေးရတာထက်
မင်း ရာထူးတိုးတာဝန်ရွေ့ပြောင်းထမ်းဆောင်ရချိန်မှာ
ဂုဏ်ပြုကူညီပေးရတာကို ပိုပြီးဖြစ်ချင်ခဲ့တာ ငါဆန္ဒပါ
ငါ ခွန်အားဖြည့်စကားပြောရင်း ငိုမိတယ်
မင်းအမျိုးသမီး ငါ့သမီးကို စစ်သားတစ်ယောက်အနေနဲ့
အလေးပြုပြီး ငါပြန်ခဲ့တယ်
တစ်ခါတစ်လေ ကရင်ကြီးလို့ခေါ်တဲ့
ဝေကြီး ဗိုလ်မှူးဝေယံလင်းရေ
လေးစာစွာဖြင့်
သင့် ဆရာ
ငါအငြိမ်းစားယူချိန် တပည့်တွေနဲ့နူတ်ဆက်ပွဲတုန်းက
မင်းပုံနဲ့ ၂၀၂၂ ခုနစ်တုန်းက မင်းစီစဥ်ပေးခဲ့တဲ့ ခရစ်စမတ်ပင်လေးက စစ်သားဘဝအမှတ်တရပါ
ငါမြင်ချင်တဲ့ တစ်ဆင့်တိုး ဗိုလ်မှူး အဆင့်ကြယ်ပွင့်နဲ့ပုံကို
မလိုသူတွေ အသုံးချမခံနိုင်လို့ ငါ မတင်ရက်ဘူးကွာ

အေးချမ်းစွာ အနားယူပါတော့ကွာ


Leave a Reply