နေတိုးကား Press Show ပြတာက All Free ပါ။

ရုံ ၃ ရုံမှာ ပြတယ်။

ထမင်းဘူးတောင်အခမဲ့ဝေပါသေးတယ်။

Boycott လုပ်ကြမှာကို သိကြလို့ လိုတာထက်ပိုတဲ့ ကြိုတင်တုံ့ပြန်မှု ဖြစ်ပါတယ်။

မင်းတို့ Boycott လုပ်တိုင်း ရုံတွေပြည့်နေတာပဲလို့ ဘောမ တွေ တုံ့ပြန်ကြပါတယ်။ဒါအတွက်လဲ အဖြေကရှိပါတယ်။

၀တ်မှုန်ရွှေရည်ရဲ့ နတ်၀င်သည် ဇာတ်ကား တစ်ချို့ရုံတွေမှာ အခုထိတင်ထားတုန်းပါ။

ကြည့်ရှုသူများလို့ တင်ထားတယ်ထင်ကြမှာပါ။

တကယ်က ရုပ်ရှင် ‌ဈေးကွက်တစ်ခုလုံးရဲ့ ၈၀% နီးပါးကို ထိန်းချုပ်ထားသူ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့လက်ရုံးဖြစ်နေလို့ပါ။

အခြေအနေက အရင်းမရသေးလို့ ဆက်တင်ထားရဆဲလို့ ပြောရင်ပိုမှန်ပါတယ်။

ဘာလို့ အဲသလို ပြောလဲဆိုရင် ၂၀၂၀ အရှေ့ဘက်ကို ကြည့်လိုက်ပါ ဇာတ်ကားတစ်ကား ရုံတင်ပြသပြီးလို့ မြတ်ရင် ဘယ်လောက်မြတ် တယ် အတိအကျ ထုတ်ပြန်ပါတယ်။အတိအကျလဲ အမြတ်ကို ပြကြပါတယ်။ ပါ၀င်တဲ့ရုပ်ရှင်အဖွဲ့သားတွေကို မုန့်ဖိုးသီးသန့်ပေးနိုင်ကြပါသေးတယ်။ဇာတ်ကားအောင်မြင်မှုဆိုတာက အဲဒါကိုပြောတာပါ။

ဒါမှ ဈေးကွက်ကို လှုပ်နှိုးနိုင်လို့ပါ။

အခုလည်း Booking တွေပြည့်နေတယ် ၀ယ်မရဘူး ပြောကြမှာပါ အကြောင်းအရင်းက အဲဒီဇာတ်ကားမှာပါ၀င်‌တဲ့ နေရာစုံက ပံ့ပိုးသူ Sponsorship တွေကို အရင် ခုံနေရာပေးရလို့ပါ။ Sponsorship တွေက တောင်းဆိုရင် အထူးပွဲ တောင်ပြပေးရပါသေးတယ်။ဒါက စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်းပြောင်းလဲလာတဲ့ပုံစံတွေထဲကတစ်ခုပါ။

ထိုအတိုင်းပဲ မြင့်မြတ်ရဲ့ ပန်းမြိုင်လယ်ကဥယျာဉ်မှုး ဇာတ်ကားကိုလည်း ‌ကျောင်းဆရာမတွေကို Free ပြပီး Promotion ဆင်းချလိုက်ပါတယ်။

အဲဒီ Promotion ဆင်းတဲ့ ကုန်ကျစရိတ်က အရင်ကုန်သွားတာပါ အိတ်စိုက်ရတာပါ။

Income မျှော်ပြီး သူတို့ Promote လုပ်ကြပေမဲ့ ဒါတွေနဲ့ ပတ်သက်လို့ ရုံတင်ရက်၀င်ငွေ စံချိန်ချိုးပါတယ်လို့ Page တွေကနေ ကြေညာပေမဲ့ ဘာလို့ အရင်လို မထုတ်ပြန်ရဲကြတာလဲ?

အဖြေက ရှင်းရှင်းလေးပါ ရှုံးနေကြလို့ပါ။

ဒါဆိုရင်ဘာလို့ ဆက်လုပ်နေကြတာလဲလို့ မေးစရာရှိလာပါလိမ့်မယ်။

အခွင့်အလမ်းအတွက်ဆက်လုပ်နေကြတာပါ။

အခုလည်း မြစ်လက်တက်‌ပေမဲ့ ရေစီးကကြမ်းတယ် ဇာတ်ကားကို ရန်ကုန်တိုင်းထဲက ၀န်ထမ်း ရုံး ၄ ရုံးနဲ့ စက်ရုံလုပ်သားတွေကို Free Show ပေးလိုက်ပါတယ်။

လူပြည့်တာကိုပဲ မကြည့်ပါနဲ့။

ဘယ်လောက်ဆုံးရှုံးနေသလဲဆိုတာကိုလည်းကြည့်တတ်ကြဖို့ပါ။

ပါးစပ်က ပြောနေတာတွေက ပြောချင်တိုင်းပြောလို့ရပါတယ်။

ဒါပေမဲ့ အချက်အလက်တွေက လိမ်ညာလို့မရပါဘူး။

အားလုံးနားလည်အောင်ရှင်းပြပေးတာပါ။

အရေးအကြီးဆုံးက သွားမကြည့်ဖို့ သွားအားမပေးဖို့ အဓိကပါ။

တစ်ဦးတစ်ယောက်ပါ၀င်အားကနေ အင်အားစုကြီးတစ်ခုဖြစ်လာတာဖြစ်ပါတယ်။

အင်အားစုကြီးဖြစ်လာရင် မြေလှန်လို့ရပါပြီ။

ဒါကြောင့် Boycott ကိုသေချာလုပ်ကြပါခင်ဗျာ။


Leave a Reply

Your email address will not be published. Required fields are marked *