ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်နေ

ချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်သဖြင့် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ဟားခါးမြို့အနီးရှိ စစ်တပ်၏ အခြေစိုက်စခန်း ၅ ခုထက်မနည်းကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF-ဟားခါးက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်စခန်းများတွင် မီးများလောင်ကျွမ်းနေကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ “ဟားခါးကို ဝင်တိုက်တာတော့ ဟုတ်တယ်။ လောလောဆယ် သိရသလောက်တော့ စစ်ဆင်ရေးနဲ့ ဝင်တိုက်တာလို့ပဲ သိထားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းက ဖြေတာပိုကောင်းမယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော ရရှိထားသော သတင်းများအရ ချင်း ပြည် နယ်၊ ဟားခါးမြို့ရှိ ရုန်းတောင် (Rungtlang) စစ်တပ်စခန်း၊ ဟားခါးမြို့အနီးရှိ စစ်တပ်ဂိတ်စခန်းတချို့ အပါအဝင် ဟားခါး နေရာတချို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *