သက်သက်ခိုင်ရဲ့ PPPပါတီမှော်ဘီရုံးမှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ အတုယောင်ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် သက်သက်ခိုင်ရဲ့ PPPပါတီရုံးက ပျူစောထီးတွေ ဝိုင်းဖွဲ့ အရက်သောက်နေချိန် တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ည ၁၁နာရီခန့်က သက်သက်ခိုင်ရဲ့ PPP ပါတီရုံးမှာ အရက်တွေဝိုင်းဖွဲ့သောက်စားနေတဲ့ ပျူစောထီးတွေကို မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“သက်သက်ခိုင်ပါတီရုံးထဲဝင် အရက်သောက်နေတဲ့ပျူစောထီးတွေကို မိုင်းနဲ့ခွဲတာ။ပြီးတော့ ပြန်ဆုတ်ချိန်မှာ လက်ပစ်ဗုံးတလုံး ပစ်သွင်းလိုက်တာဆိုတော့ အထိခိုက်ကရှိမယ်ဗျ”လို့မြို့ခံတဦးကပြောပါတယ်။

ဒီစစ်ဆင်ရေးကို Yangon Armyနဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သက်သက်ခိုင်ရဲ့ PPPပါတီဟာ စစ်အုပ်စုကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကို အင်တိုက် အားတိုက်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကိုကိုကြီးနဲ့ သက်သက်ခိုင်ရဲ့ ပါတီတွေကိုလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအဖြစ်နဲ့ စစ်ရေးပစ်မှတ်တွေထားတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *