စလင်းကနေ ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားတွေမီးလောင်ပျက်စီး

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းဘက်ကို စစ်သားနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး စစ်ကူထွက်လာတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ညပိုင်းက စစ်သားအင်အား ၁၅၀နဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ ကား၅စီးကို သာစည်ရွာ နဲ့ မိုးဝန်းရွာကြားမှာ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“ယာဉ်တန်းနဲ့ လာချိန်မိုင်းဆွဲတာ။ လက်နက်ခဲယမ်းတွေ မီးလောင်ပေါက်ကွဲကုန်တယ်။ စစ်သားတွေကလည်း သာစည်ရွာက ဘုန်းကြီးကျောင်းထဲဝင်ပြေးတာ။ ခံစစ်ပြင်ထားတဲ့။ ခဲယမ်းတွေပေါက်ကွဲလို့ လမ်းဘေးက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တလုံးမီးထဲပါသွားတယ်”လို့မြို့ခံတဦးကပြောပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် အလောင်းတွေ မီးထဲပါသွားတာကြောင့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဆီကနေ လက်နက်ခဲယမ်းတွေ နယ်မြေရှင်း သိမ်းပိုက်နေတယ်လို့လည်း သိရပါတယ်။

စစ်ရေးအရှိန်မြင့်ပြီး ဆင်ဖြူကျွန်းကို တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စလင်းမြို့ဘက်ကို အရေးပေါ်ပြောင်းရွေ့ကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိနဲ့နေထိုင်ကြဖို့ စလင်း ပကဖဘက်က တိုက်တွန်းထားပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *