Leak 2 (Jimat Dadong) (2025)

Leak(လီယက်ခ်) ဆိုတာဟာဘာလီကျွန်းသူကျွန်းသားတို့ယုံကြည်တဲ့ အောက်လမ်းအတတ်တစ်မျိုးဖြစ်ပြီး မူလအစက မိမိကိုယ်ကိုကာကွယ်ဖို့အတွက်သာ အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့မသမာသူတွေလက်ထဲမှာကိုယ်ကျိုးအတွက်ပါအသုံးပြုလာကြတဲ့အတွက် ကြောက်စရာပညာရပ်တစ်မျိုးဖြစ်လာခဲ့ပါတယ်။
ဒီဇာတ်ကားမှာတော့ ဂျကာတာမြို့အခြေစိုက် ပူထရာနဲ့ဆန်ဒရာတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက်ငါးနှစ်တိုင်ကလေးမရသေးတဲ့အတွက် ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့အညီ ဘာလီကျွန်းမှာ အပန်းဖြေအိမ်တစ်လုံးဝယ်ပြီး အေးအေးဆေးဆေးနေဖို့ပြောင်းလာခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီအပန်းဖြေအိမ်ကိုစရောက်ကတည်းက ထူးခြားတဲ့ အရိပ်အယောင်အငွေ့အသက်တွေကို ဆန်ဒရာနဲ့တစ်ကွအနားမှာနေထိုင်သူတွေပါ ခံစားသိရှိလာရပြီး ခြောက်လှန့်မှုတွေပါပါဝင်လာတဲ့နောက် အဲ့ဒီဖြစ်ရပ်တွေကိုရဲ့အဖြေကိုရှာဖွေရင်း လီယက်ခ် ဒဏ္ဍာရီနဲ့စပ်ဆိုင်ရာအကြောင်းတွေ ဆန်ဒရာနဲ့ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာတွေပါ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပါတော့တယ်။
လူသိများတဲ့ နေရာတစ်ခုက လူအများလက်ခံထားတဲ့ ယုံကြည်သက်ဝင်ရာဒဏ္ဍာရီတွေအပေါ်ဇာတ်လမ်းဆင်ထားတာဖြစ်တဲ့အတွက် စင်္ကာပူနဲ့အင်ဒိုနီးရှားတို့ရဲ့ Netflix top 10 စာရင်းထဲဝင်နေတဲ့ ဘတ်ဂျက်နိမ့်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။


Leave a Reply