Love Barista

Love Barista (2025)

ခရစ္စမတ်ပိတ်ရက်မှာ အဝရယ်မောနိုင်ဖို့အတွက် ဂွမ်ဆူနဲ့ ဗီယက်နမ်မင်းသမီးလေး Hoàng Hà တို့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင် အချစ်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Um Mun-Suk, Yoo Jae-Myung တို့လို နာမည်ကြီး အရန်သရုပ်ဆောင်များအပြင် မင်းသား Kang Ha-Neul ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ပေးထားပါသေးတယ်။

– ဇာတ်လမ်းအကျဉ်း –

ဂန်ဂျွန်အူ (Lee Kwang-Soo) ကတော့ အာရှတစ်ခွင် ဘယ်နေရာသွားသွား အထူးတလည်နေရာပေးဆက်ဆံခံရတဲ့ ထိပ်တန်းမင်းသားတစ်လက်ပါ။

ဒါပေမဲ့ တက်သစ်စမင်းသား ချာဒိုဟွန်း (Kang Ha-Neul) က သူ့ရဲ့နေရာကို ခြိမ်းခြောက်လာသလိုနာမည်ကြီးဒါရိုက်တာ အီဝန်းဆော့ (Yoo Jae-Myung) ရဲ့ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အခွင့်အရေးနဲ့လည်း လွဲချော်သွားခဲ့ရပါတယ်။

ဒီကြားထဲ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် မန်နေဂျာလည်းဖြစ်တဲ့ ဂျောင်ဟန်ချော (Um Mun-Suk) နဲ့ပါ ဆက်ဆံရေး မပြေလည်ဖြစ်လာတဲ့ ဂျွန်အူတစ်ယောက် ဗီယက်နမ်ကို ကြော်ငြာသွားရိုက်ရင်းကနေ စိတ်လိုက်မာန်ပါနဲ့ အားလပ်ရက်ယူမယ်လို့ ကြေညာပြီး ကိုယ်ယောင်ဖျောက်သွားပါတော့တယ်။

ဒီလိုနဲ့ မထင်မှတ်တဲ့ မတော်တဆလေးတစ်ခုကြောင့် ဖုန်းရော ပိုက်ဆံရော နိုင်ငံကူးလက်မှတ်ပါမရှိတော့တဲ့ ဂျွန်အူဟာ ထောင် (Hoàng Hà) ဆိုသူ ဗီယက်နမ်မိန်းကလေးနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံပတ်သက်မိတဲ့အခါမှာတော့ စိမ်းသက်တဲ့နေရာမှာ တွေ့ကြုံရတဲ့ ထိပ်တန်းမင်းသား ဂန်ဂျွန်အူရဲ့ အားလပ်ရက်ခရီးလေးက ဘယ်လိုအလွဲလေးတွေ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *