Efendiler

Efendiler (2025)

တူရကီနိုင်ငံထုတ် “Efendiler” (2025)ရုပ်ရှင် ဟာ သာမန်ရယ်မောစရာ ဇာတ်ကားမျိုးမဟုတ်ဘဲ၊ ခပ်မိုက်မိုက် ဟာသနဲ့ သည်းထိတ်ရင်ဖိုမှုကို ရောစပ်တင်ပြထားတဲ့ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ လူ‌ေတွကို လှောင်ပြီး ပြတ်လုံးတွေပြတ်ကြလို့ ခဏခဏ ရဲစခန်းရောက်‌ေနရတဲ့ လက်တန်း ဟာသပညာရှင် သုံးယောက်ကို မောလ်တာကျွန်းပေါ်က ရုပ်ရှင်ရိုက်ကူးရေး လူရွေးပွဲတစ်ခုဆီ ဖိတ်ခေါ်လိုက်ရာကနေ စပါတယ်။

ဒါပေမဲ့ သူတို့ရောက်သွားတဲ့အခါမှာတော့ ကမ္ဘာကြီးကို လျှို့ဝှက်ထိန်းချုပ်နေတဲ့ အင်အားကြီး “လူတစ်ခု” ရဲ့ ထူးဆန်းတဲ့ စမ်းသပ်မှုတွေထဲကို ရောက်ရှိသွားမှန်း သိလိုက်ရပါတော့တယ်။

သူတို့ရဲ့ ရိုင်းစိုင်းတဲ့ ဟာသတွေကြောင့် အပြစ်ပေးခံရတာလား၊ တကယ့်လူရွေးပွဲများလားဆိုတာ မဝေခွဲနိုင်ဖြစ်နေကြပေမယ့် စမ်းသပ်မှုတွေ ပိုကြမ်းလာလေလေ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရပြီဆိုတာကို သဘောပေါက်လာကြပါတယ်။

ဒီနေရာကြီးကဘာလဲ ဒီလူတွေကရော ဘာတွေလဲ သူတို့တွေကရော ဒီနေရာကနေ လွတ်မြောက်နိုင်မှာလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။

ဒါရိုက်တာ ဆဲလ်ချွတ် အိုင်ဒီမီးယာ ရဲ့ လက်ရာဖြစ်ပြီး၊ ဟာသရဲ့ အနောက်ကနေ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စိုးရိမ်ထိတ်လန့်မှုကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားမျိုးကို ရှာဖွေနေသူတွေအတွက် ရိုးရှင်းပေမယ့် စွဲမက်စရာကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်ခင်ဗျာ…


Comments

Leave a Reply

Your email address will not be published. Required fields are marked *