Middle Class

Middle Class (2025) “လူလတ်တန်းစား”

လက်ရှိခေတ်ကြီးထဲက လူလတ်တန်းစားမိသားစုတစ်ခုရဲ့ဘ၀ကို ပုံဖော်ထားပြီး လတ်တလောရေပန်းစားနေတဲ့ တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

မာ့စ်က တစ်လမှ ရူပီးသောင်းခြောက်ထောင်ပဲရတဲ့ ရုံးဝန်ထမ်းတစ်ယောက်။

ဟိုဖြတ်ဒီဖြတ်၊ လမ်းစရိတ်၊ ကလေးတွေကျောင်းစရိတ်နဲ့ ဘာမှမကျန်ရတဲ့ကြားထဲ မိန်းမဖြစ်သူရဲ့ သူ့မောင်မင်္ဂလာဆောင်လက်ဖွဲ့ဖို့နဲ့ မြေဝယ်ဖို့ဆိုတဲ့ ပူဆာမှုတွေကြောင့် တစ်နေ့တစ်နေ့ ကောင်းကောင်းမနေရ။

မိန်းမဖြစ်သူရဲ့ MLMကစလို့ Youtubeချန်နယ်ထောင်တဲ့အထိ မောင်တထမ်းမယ်တရွက်ဆိုသလို အမျိုးမျိုးဒုက္ခပေးတတ်သေးတာလည်း ခံရပြန်သေးရဲ့။

တစ်နေ့တော့ ကွယ်လွန်သွားပြီဖြစ်တဲ့အဖေဖြစ်သူ ကျေးဇူးပြုခဲ့ဖူးသူဆီက သိန်းတစ်ရာတန်ချက်လက်မှတ်ရလိုက်ပေမယ့် ထီပေါက်ပြီးထီလက်မှတ်ပျောက်ဆိုသလို ချက်လက်မှတ်မှာ သူ့နာမည်မပါတဲ့အပြင် ချက်လက်မှတ်ကလည်းပျောက်၊ ချက်လက်မှတ်ပေးလိုက်တဲ့သူကလည်း ဆုံးပါးသွားချိန်မှာတော့…။


Comments

Leave a Reply

Your email address will not be published. Required fields are marked *