📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Up in the Air

Up in the Air (2009)

ဒီဇာတ်ကားလေးကတော့ Walter Kirn ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ ဘဝအမော၊ ဟာသနဲ့ ဒရာမာ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် Comedy, Drama, Romance
ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

ဒီကားကိုတော့ နာမည်ကျော် ဒါရိုက်တာ Jason Reitman က ရိုက်ကူးထားပြီး ဟောလိဝုဒ်မင်းသားကြီး George Clooney၊ မင်းသမီး Vera Farmiga နဲ့ Anna Kendrick တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ရိုမန်တစ်ဇာတ်ကားဆိုပေမယ့် သာမန်အချစ်ဇာတ်လမ်းတွေနဲ့မတူဘဲ လူ့ဘဝရဲ့ အထီးကျန်မှု၊
အလုပ်ခွင်သဘောသဘာဝနဲ့ လူမှုဆက်ဆံရေးတွေကို ထိမိအောင် ရိုက်ပြထားတာမလို့
ဒရာမာကားကောင်း ကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ကားကောင်းဖြစ်ပြီး ပရိတ်သတ်အကြိုက်ဇာတ်သိမ်းကို ခန့်မှန်းလို့မရနိုင်တဲ့ ဇာတ်ကားတွေထဲကတစ်ကားမို့ ကြည့်သင့်တဲ့အထဲ ပါပါတယ်။

ဇာတ်လမ်းအကျဉ်း———

ဇာတ်လမ်းလေးကတော့ ရိုင်ယန်ဘင်ဂန်ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာ တခြားကုမ္ပဏီတွေက ဝန်ထမ်းလျှော့ချချင်တဲ့အခါ တခြားသူတွေအစား ဝင်ပြီး လူတွေကို အလုပ်ထုတ်ပေးရတဲ့ အလုပ်ကို လုပ်နေရသူပါ။

ရိုင်ယန်က တစ်နှစ်ကို ၃၂၂ ရက်လောက် ခရီးထွက်နေရပြီး လေယာဉ်ပေါ်နဲ့ ဟိုတယ်တွေမှာပဲ
အချိန်ကုန်လေ့ရှိသူ ဖြစ်ပါတယ် ။

သူ့မှာ ကိုယ်ပိုင်အိမ်ဆိုတာထက် လေဆိပ်တွေကသာ သူ့အိမ်လို ဖြစ်နေပြီး အမေရိကန်လေကြောင်းလိုင်းရဲ့ မိုင်ပေါင်း ၁၀ သန်းပြည့်ဖို့ကိုပဲ ရည်မှန်းချက်ထားနေသူပါ။

သူက အိမ်ထောင်မပြုချင်၊ သံယောဇဉ်မတွယ်ချင်ဘဲ”ကျောပိုးအိတ်အလွတ်” ဆိုတဲ့ ဒဿနနဲ့ လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တဲ့သူတစ်ယောက်အဖြစ် ဟောပြောပွဲတွေမှာ မိန့်ခွန်းတွေပြောလေ့ရှိပါတယ်။

ဒီလိုနဲ့တစ်နေ့မှာတော့ နာတာလီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာလူကိုယ်တိုင်သွားပြီး အလုပ်ထုတ်စရာမလိုဘဲ video callနဲ့ အလုပ်ထုတ်လို့ရမယ့်စနစ်ကို စတင်မိတ်ဆက်လိုက်တာကြောင့် သူ့ရဲ့ပျော်နေတဲ့ဘဝဟာ ခြိမ်းခြောက်ခံရသလို ဖြစ်လာပါတော့တယ်။

ဒီလိုနဲ့သူလည်း နာတာလီကို ဝန်ထမ်းတွေကို video call ကနေ အလုပ်ထုတ်တာဟာ လက်တွေ့မဆန်ကြောင်း သူနဲ့အတူလိုက်ပြီးလက်တွေ့လုပ်ကြည့်ဖို့ လိုကြောင်းတွေ ပြောတာကြောင့် နာတာလီနဲ့ ရိုင်ယန်တို့ဟာ ခရီးထွက်ရပါတော့တယ်။

ခရီးထွက်နေရင်း ရိုင်ယန်ဟာ သူ့လိုစိတ်တူကိုယ်တူဖြစ်တဲ့ အဲလက်နဲ့တွေ့ဆုံလာခဲ့ပြီး ဘယ်လိုတွေဆက်ဖြစ်မလဲ ..

ကျောပိုးအိတ်ဆိုတဲ့ဒဿနဆိုတာကိုရော ဆက်ပြီးတော့လက်ကိုင်ထားဦးမှာလား

နာတာလီရဲ့အစီအစဥ်စနစ်ကရော အောင်မြင်ပါ့မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်