📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

100 Nights of Hero (2025)

100 Nights of Hero (2025)

ဒီဇာတ်ကားဟာ “One Thousand and One Nights” (အာရေဗျပုံပြင်များ) ကို ဖဲမီးနစ်အမြင်နဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ စိတ်ကူးယဉ် ဒရမ်မာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Nosferatu မင်းသမီး အမ်မာကိုရင် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Birdman ဆိုတဲ့ ဖန်ဆင်းရှင်ကို ကိုးကွယ်ကြတဲ့ ကမ္ဘာတစ်ခုမှာ တည်ရှိနေပါတယ်။ ဒီကမ္ဘာမှာ အမျိုးသမီးတွေဟာ စာဖတ်ခွင့်၊ စာရေးခွင့် တားမြစ်ခံထားရပြီး လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံထားရပါတယ်။

ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ အိမ်ဖော်လေး ဟီးရိုး နဲ့ ချယ်ရီတို့ဟာ ချယ်ရီ့ရဲ့ခင်ပွန်း ပြန်မလာခင် ရက်ပေါင်း (၁၀၀) အတွင်းမှာ မန်းဖရက်ဆိုတဲ့လူက အလောင်းအစားနဲ့ ဖောက်ပြန်အောင် မြူစွယ်ဖို့ ကြိုးစားမဲ့ ရန်ကနေ ကာကွယ်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားတာပါ။

ဟီးရိုးဟာ ချယ်ရီ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့ အချိန်ဆွဲဖို့အတွက် တစ်ခုတည်းသော လက်နက်ကို ထုတ်သုံးခဲ့ရပါတယ်။ အဲဒါကတော့ “ပုံပြင်ပြောခြင်း” ပါပဲ။ ညတိုင်း ညတိုင်း ဟီးရိုးဟာ မန်းဖရက်ကို စိတ်ဝင်စားဖွယ်ရာ ပုံပြင်တွေ ပြောပြပြီး သူ့ကို ဖမ်းစားထားရပါတယ်။

ဒီဇာတ်ကားမှာ ဟီးရိုး ပြောပြတဲ့ ပုံပြင်တွေဟာ ရိုးရှင်းတဲ့ ပုံပြင်တွေ မဟုတ်ပါဘူး။ “နှုတ်သီးရှည် ညီနောင်များ” (The Beaked Brothers) ရဲ့ အုပ်ချုပ်မှုအောက်မှာ စာဖတ်ခြင်း၊ အချစ်ကို ဖော်ထုတ်ခြင်းတို့ကြောင့် “စုန်းမ” ဟု စွပ်စွဲခံရပြီး အသတ်ခံရမယ့် ရိုဇာ (Rosa) နဲ့ သူမရဲ့ ညီအစ်မများအကြောင်း လိုမျိုး စိတ်လှုပ်ရှားဖွယ်ရာ၊ ရင်ကွဲဖွယ်ရာ ဇာတ်လမ်းတွေကို ထည့်သွင်း ပြောပြသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ စာပေနဲ့ ပညာဉာဏ်ရည်ကို ဖိနှိပ်ထားတဲ့ ခေတ်စနစ်ကို တော်လှန်တဲ့ ဇာတ်ကွက်တွေ၊ ညီအစ်မ သံယောဇဉ်၊ အချစ်နဲ့ သစ္စာတရားကို ပုံဖော်ထားတာတွေကိုရှေးခေတ်ပုံပြင် ပြောနည်းစတိုင်နဲ့ တင်ဆက်ထားပြီး စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စုန်းလိုက်ပွဲခေတ်ရဲ့ အခြေအနေကို ထင်ဟပ်ပြသထားတာပါပဲ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်