Light of the World

Light of the World

Light of the World (2025)

ရုပ်ရှင်ပရိသတ်တို့ရေ၊ ဒီတစ်ခါတော့ The Light of the World (2025) ဆိုတဲ့ 2D ကာတွန်း ရုပ်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကားကို Disney အန်နီမေးရှင်းနယ်ပယ်က ဝါရင့် ဒါရိုက်တာ Tom Bancroft က ရိုက်ကူးထားပြီး၊ ယေရှုခရစ်တော်ရဲ့ ဘဝဇာတ်ကြောင်းကို အမြင်ဆန်း တစ်ခုကနေ တင်ဆက်ထားပါတယ်…

ဇာတ်လမ်း အကျဉ်းချုပ်

ဒီဇာတ်ကားဟာ ခရစ်တော်ရဲ့ ဇာတ်လမ်းကို အချစ်တော် တမန်တော် ယောဟန် ရဲ့ ငယ်ရွယ်တဲ့ အမြင်ကနေတစ်ဆင့် အစအဆုံး ပြန်လည် ပုံဖော်ထားပါတယ်။

ဇာတ်လမ်းက AD ၃၀ ဝန်းကျင်ကာလကို နောက်ခံထားပြီး၊ လူတွေအားလုံး မေရှိယ (ကယ်တင်ရှင်) ရဲ့ ကြွလာခြင်းကို မျှော်လင့်နေကြချိန်မှာ စတင်ပါတယ်။

ယောဟန် ဟာ သူရဲ့အစ်ကို ယာကုပ် နဲ့ ဖခင် ဇေဗေဒဲ တို့နဲ့အတူ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ ရိုးသားတဲ့ မိသားစုဘဝကနေ လာတာပါ။

ယေရှုခရစ်တော်ကို စတင်တွေ့ဆုံပြီးတဲ့နောက်မှာတော့ ယောဟန်ဟာ မထင်မှတ်ထားတဲ့ စွန့်စားခန်းတွေ၊ အံ့ဖွယ်အမှုတွေနဲ့ စိတ်ခံစားမှု အပြည့်ပါတဲ့ ခရီးစဉ်တစ်ခုကို စတင်ရပါတော့တယ်…

ရုပ်ရှင်ဟာ ယေရှုရဲ့ ဓမ္မအမှု ဆောင်ရွက်ခြင်းအစကနေ၊ ရန်သူတွေရဲ့ ဖမ်းဆီးခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း နဲ့ ရှင်ပြန်ထမြောက်ခြင်း အထိ အဓိကကျတဲ့ အဖြစ်အပျက်တွေကို ယောဟန်ရဲ့ အမြင်ကနေ စောင့်ကြည့်ရမှာပါ။

ယောဟန်ရဲ့ မြင်ကွင်းကနေတစ်ဆင့် ယေရှုခရစ်တော်ဟာ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲစေခဲ့လဲဆိုတာကို နူးညံ့သိမ်မွေ့စွာ၊ ဒါပေမဲ့ စွမ်းအားအပြည့်နဲ့ ဖော်ပြသွားတာပဲဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *