731: Evil Unbound (2025)

ဒုတိယကမ္ဘာစစ်ရဲ့အမှောင်မိုက်ဆုံးနေ့ရက်တွေထဲက ဂျပန်အင်ပါယာရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်ဖွဲ့(၇၃၁)လျှို့ဝှက်စခန်းကြီးထဲမှာ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ရာဇဝတ်မှုတွေကို ဒီရုပ်ရှင်မှာ သမိုင်းသက်သေအဖြစ် ဖော်ကျူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့
နယ်လှည့်မျက်လှည့်ပြစားနေတဲ့ စွန်းမင်လျန့်နဲ့ သူ့ရဲ့ဆရာ အစ်မတို့အပါအဝင် အပြစ်မဲ့ပြည်သူတွေအများကြီးကို ဂျပန်စစ်တပ်ကအကြောင်းမဲ့ဖမ်းခေါ်သွားရာကနေစပါတယ်။
သူတို့ကို ကျန်းမာရေးစောင့်ရှောက်ပြီး လွတ်မြောက်ခွင့်ပေးမယ်လို့ ကတိစကားတွေပေးပြီး လူတွေကို သစ်သားတုံးလိုသဘောထားပြီး လူသားအစမ်းအသပ်ခံအဖြစ်အသုံးချဖို့ရာ ငရဲခန်းလိုကြောက်စရာကောင်းတဲ့ တပ်ဖွဲ့(၇၃၁)ကိုပို့လိုက်ပါတယ်။
အဲဒီစခန်းမှာပလိပ်ရောဂါ၊ အအေးဒဏ်၊ ဓာတ်ငွေ့အဆိပ်စတဲ့ လူမဆန်တဲ့ရက်ရက်စက်စက်စမ်းသပ်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်ကြပါတယ်။
မျှော်လင့်ချက်မဲ့တဲ့စိတ်တွေ ကြောက်ရွံ့စိတ်တွေနဲ့ နေ့တိုင်းရှင်သန်နေကြရပါတယ်။
တစ်ဖက်မှာ ဂျပန်တော်လှန်ရေးသူရဲကောင်း ဝမ်ကျစ်ယန်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ရင်းကနေ တစ်ဖြည်းဖြည်းနဲ့ သူ့ကိုယ်သူ သူရဲကောင်းအဖြစ်ပြောင်းလဲဖို့ကြိုးစားလာတဲ့ ဝမ်ယုံကျန်းဆိုတဲ့လူတစ်ယောက်ရဲ့ ပြောင်းလဲလာတာကို မြင်ရမှာဖြစ်ပါတယ်။
သူကတခြားအကျဉ်းသားတွေနဲ့အတူ ဒီငရဲခန်းကနေထွက်ပြေးလွတ်မြောက်နိုင်အောင်ကြိုးစားသွားတာပဲဖြစ်ပါတယ်။
စစ်ပွဲရဲ့ရက်စက်ကြမ်းကြုတ်မှု၊ လူသားတွေရဲ့ ရှင်သန်လိုစိတ်နဲ့ သူရဲကောင်းစိတ်ဓာတ်တွေကို သမိုင်းနောက်ခံနဲ့ ထိထိမိမိပုံဖော်ထားပြီးတော့ တပ်ဖွဲ့ (၇၃၁)ရဲ့ ကြက်သီးထစရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ခံစားရမယ့် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။


Leave a Reply