သူရဦးအောင်ကို အပါအဝင် ၉ ဦးကို စစ်ကောင်စီက ဘွဲ့တံဆိပ်များ ပြန်ရုပ်သိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း သူရဦးအောင်ကို အပါအဝင် ၉ ယောက်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
သူရဦးအောင်ကို,ကို ၁၉၇၅ မှာ ချီးမြှင့်ခဲ့တဲ့ သူရဘွဲ့နဲ့ ၂၀၁၂ ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ တို့ကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။
တခြား ဂုဏ်ထူးဆောင်ဘွဲ့ ပြန်လည်ရုပ်သိမ်းခံရသူတွေထဲမှာ ဦးမြင့်နိုင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်လှမြင့်စိုး၊ ဗိုလ်ချုပ်အောင်လင်းထွန်းတို့ ပါဝင်သလို စီးပွားရေးသမားတွေဖြစ်တဲ့ ဦးချစ်ခိုင်၊ ဦးခင်ရွှေနဲ့ ဦးသိမ်းဝေတို့ ပါဝင်ပါတယ်။
စစ်တပ်က သူတို့ဆီက ပြန်လည်ရုပ်သိမ်းလိုက်တဲ့ ဘွဲ့တံဆိပ်တွေဟာ ၁၉၅၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အပ်နှင်းခဲ့တဲ့ သူရဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ်၊ ဇေယျကျော်ထင်ဘွဲ့၊ မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့ စတဲ့ ဘွဲ့တံဆိပ်တွေ ပါဝင်ပါတယ်။
စစ်တပ်ကို စိန်ခေါ်ဝံ့သူ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးအောင်ကို
သူရဦးအောင်ကို – စစ်သားဘဝမှ ဝန်ကြီးဘဝ၊ ထိုမှတစ်ဆင့် အင်းစိန်ထောင်တွင်း အကျဉ်းစံဘဝသို့
”စိန်ခေါ်ပါတယ်” ဟူသော ပြတ်သားသည့် အသံနှင့်အတူ ၂၀၂၁ အာဏာသိမ်းမှု၏ ပထမဆုံး ပစ်မှတ်ဖြစ်ခဲ့သူ။
စစ်တပ်ဖွား သူရဘွဲ့ရ ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးက ဘာကြောင့် NLD အစိုးရအဖွဲ့ထဲ ရောက်လာခဲ့သလဲ?
ဘာကြောင့် မဘသ အဖွဲ့ကို ဖျက်သိမ်းခဲ့သလဲ? စစ်တပ်က သူ့အပေါ် ဘာကြောင့် ရန်ငြိုးကြီးခဲ့သလဲ?
ဤ Documentary တွင် သူရဦးအောင်ကို၏ ကျောက်ပန်းတောင်းဇာတိမှသည် စစ်တက္ကသိုလ်၊ စစ်မြေပြင်၊ ဝန်ကြီးဌာနနှင့် အင်းစိန်ထောင် အကျဉ်းခန်းအထိ ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းသည့် ဘဝခရီးစဉ်ကို အသေးစိတ် တင်ဆက်ထားပါသည်။
နိုင်ငံရေး၊ ဘာသာရေးနှင့် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့် ပြောင်းလဲသွားသော ဘဝတစ်ခု၏ ဖြစ်ရပ်မှန် မှတ်တမ်းကို ကြည့်ရှုလိုက်ပါ။
ဒီဗီဒီယိုမှာ ဘာတွေပါမလဲ?
သူရဦးအောင်ကို၏ ရဲရဲတောက် စိန်ခေါ်ချက်။
စစ်သားဘဝမှ သာသနာရေးဝန်ကြီး ဖြစ်လာပုံ။
မဘသ အဖွဲ့ကို ဖျက်သိမ်းရခြင်း နောက်ကွယ်မှ အကြောင်းရင်းများ။
အင်းစိန်ထောင်တွင်း အကျဉ်းစံဘဝနှင့် ကျန်းမာရေး အခြေအနေ။
၂၀၂၃ တွင် လွတ်မြောက်မှုနှင့် လက်ရှိ အခြေအနေ။


Leave a Reply