ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်အုပ်စု တရားမဝင်အတုအယောင်ရွေးကောက်ပွဲမဲရုံများကို ဝင်ရောက် တိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး မဲလက်မှတ်များကို လက်ခံနိုင်ခြင်းမရှိပဲ ရုတ်သိမ်းသွားကြောင်း ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် – PDA က ထုတ်ပြန်ထားပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ညောင်ဦးမြို့ အနီးနားကျေးရွာတွေဖြစ်တဲ့ ပြွန်ရွာ၊ ညောင်ပင် ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာများရှိ မဲရုံများကို ဝင်ရောက် တိုက်ခိုက်မယ်လို့ စစ်ကော်မရှင်က သတင်းရရှိသွားသဖြင့် မဲလက်ခံခြင်းမပြုတော့ပဲ ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတို့ရှိ မဲရုံစောင့်ရန် တပ်စွဲထားတဲ့ စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးခန့် သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ယင်းကျေးရွာများရှိ မဲရုံများ မဲလက်ခံခြင်း မပြုတော့ပဲ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ရုတ်သိမ်းသွားကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ဦးဆောင်မှုနဲ့အတူ မဟာမိတ် အဖွဲ့များဖြစ်တဲ့ ဧရာဒေါင်း၊ Chauk Revolution Army (CRA) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *