ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်ရှိ‌ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက် ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူစောထီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ပြောက် ကျားအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်သား၊ ရဲနှင့်လက်ပါးစေရပ်ကျေးအုပ်ချုပ်ရေးမှူးများရှိနေစဉ် လက် ပစ်ဗုံး (နာနတ်သီး) ၂ လုံးနှင့် လက်လုပ်မိုင်း ၂ တို့ဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရုံးထဲမှာ စခ၊ ရခတွေနဲ့ လက်ပါးစေ ရပ်ကျေးတွေရှိနေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူ တွေကို စံပြဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်” ဟု မြို့ပြကြွက်ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။

မြို့ပြကြွက် Network အနေဖြင့် စစ်အာဏာရူးများ၏ မတရားအမိန့်အာဏာ မှန်သမျှကို လက်နက်ကိုင် တော်လှန်နေသည့် အဖွဲ့ဖြစ်ပြီး လူမဆန်သောစစ်အုပ်စု၏ နေ့စဉ်အမျှ သတ်ဖြတ် ဖမ်းဆီးခြင်း၊ မတ ရား စစ်မှုထမ်းခိုင်းစေခြင်း တို့ကို အားပေးကူညီပေးနေသည့် ထောက်တိုင်၊ လက်ပါးစေမှန်သမျှကို အခွင့်အရေးရတိုင်း တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့အပြင် မြို့ပြကြွက်ကွန်ယက်က စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်နှင့် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အကြိမ်ကြိမ်တိုက်တွန်း နှိုးဆော်ထားကြောင်း၊ထို့ကြောင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အားဖြည့်ကူညီနေသော သူများကိုလည်း ပြတ်ပြတ် သားသား အ ရေးယူချေမှုန်းသွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *