စစ်တပ်၏ ပစ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်မှ ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့မှု သတိပြုရန် လိုအပ်

အကြမ်းဖက်စစ်ကော်မရှင်က နှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲပြုလုပ်ရန် စီစဉ်နေပြီး ပြည်သူများ အနေဖြင့် ပါဝင်ခြင်းမပြုရန် Brave Warriors for Myanmar – BWM အဖွဲ့တာဝန်ရှိသူက တိုက်တွန်းပြောကြားသည်။

လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်ကော်မရှင်က နှစ်သစ်ကူးပွဲတော်အဖြစ် မန္တလေး မြို့၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားပြီး ၎င်းတို့ကိုထောက်ခံသော အဆို တော်၊ အနုပညာရှင်များက ပါဝင်က ဖျော်ဖြေပေးမည်ဖြစ်ကြောင်း၊ အလားတူ ရန်ကုန်၊ နေပြည်တော် တို့တွင်လည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“စကမ ဟာ မြို့ကြီးတွေမှာ နှစ်သစ်ကူးညကို စည်ကားအောင်လုပ်ပြီး သူတို့ရဲ့ အတုအယောင်ရွေး ကောက်ပွဲကို ပြည်သူအားပေးထောက်ခံကြောင်း နိုင်ငံတကာမှာ ပုံမှားရိုက်ဖို့ ကြိုးစားနိုင်တာကြောင့် ဝေးဝေး ရှောင်ကြပါ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar – BWM အဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

BWM နှင့် မဟာမိတ်အဖွဲ့များ အနေဖြင့် မိဘပြည်သူ ထိခိုက်မည့် လုပ်ရပ်ကို ယခင်ကလည်း ရှောင် ကြဉ်ခဲ့ပြီး ရှေ့ဆက်၍ လည်း အမြဲ ဂရုတစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် ဒီ ဇင်ဘာလ ၂၈ ရက် နံနက် အစောပိုင်းက အကြမ်းဖက် စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနှင့် ၅ လမ်းထောင့်ရှိ နေအိမ်ရှိပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

ယင်းလက်နက်ကြီးကျည်သည် မန္တလေးမြို့၊ နန်း၏ အနောက်မြောက်တောင့်တွင်ရှိသော အမှတ် ၁၂၁ ထောက်ပို့တပ်ရင်း -ထပရ ၁၂၁ မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် စစ်တပ်က သဲလွန်စဖြစ်နိုင်မည့် လက်နက် ကျည်ခွံများကို လာသိမ်း သွား သည့်အပြင် သတင်းမဖြန့်ရန်လည်း ကြိမ်းမောင်းသွားကြောင်း သိရသည်။

နေ့စဉ် မုသာဝါဒသာ ပြောကြားပြီး အပြစ်မဲ့ ပြည်သူတို့ကို နေ့နေ့ညည နှိပ်စက်သတ်ဖြတ်နေသော စစ်ကော်မ ရှင်၏ နည်းမျိုးစုံ ဆက်လက်ဝါဒဖြန့်မည်ကို မိဘပြည်သူများအနေဖြင့် အထူးသတိ ပြုကြ ရန်၊ ထိုသို့ ဝါဒဖြန့်သည့် အခါတိုင်းတွင်လည်း ပြည်သူမှ မွေးဖွားလာသော ပြည်သူ့ဘက်တော်သား များကို ယုံကြည်မှု အပြည့်ပေးခြင်းဖြင့် အားဖြည့်ဝန်းရံပေးကြပါရန် တိုက်တွန်းထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *