(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံ၍ အကြမ်းဖက်စစ်ကော်မရှင်တပ်အား စစ်ဆင်ရေးအဟုန် မြှင့်တင်ကာ ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်လျက် ရှိပါသည်။
(၂) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာရှိ အင်အား (၄၀) ခန့်ရှိသော စစ်ကော်မရှင်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာနတပ်ရင်း နှင့် ရေတာရှည်ပကဖတို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား (၂)ဦး ကျဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပါသည်။
(၃) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာ တိုက်ပွဲသို့ စစ်ကူပေးရန် အင်အား (၇၀) ခန့်ဖြင့် တက်လာသော ရန်သူစစ်ကြောင်းအား နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ ရန်သူ့အင်အား (၂၀) ခန့် ကျဆုံးနိုင်ပြီး လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားပါသည်။ စစ်ကော်မရှင်တပ်ဘက်မှ တင့်ကားများပင် အသုံးပြု၍ ဒိုးတန်းကျေးရွာ တိုက်ပွဲအား စစ်ကူပေးရန် ကြိုးစားသော် လည်း နေပြည်တော် PDF များ၏ ဖြတ်တောက်တားဆီးမှုကြောင့် စစ်ကူမပေးနိုင်ခဲ့ပါ။
(၄) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ခင်တန်းလေးကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းအား နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ရန်သူကျဆုံး (၂)ဦးရှိပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိခဲ့ပါ။
(၅) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေဒူးကျေးရွာရှိ စစ်ကော်မရှင်အထိုင်စခန်းအား နေပြည်တော် PDF တပ်ရင်းများ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် သံတောင်မြောက်ပိုင်းအဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။ အိုးမြေဒူးတရွာလုံးအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး၊ စစ်ကော်မရှင်တပ်သားများ အထိနာကာ စစ်တောင်းမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်းသို့ ထွက်ပြေးကြပါသည်။ ရန်သူထိခိုက်ကျဆုံး (၂၀) ဦးခန့်ရှိပြီး သုံ့ပန်း (၃) ဦး ဖမ်းဆီးရမိပါသည်။ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်။ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော် (၁) ဦး ကျဆုံးပြီး ထိခိုက် (၅) ဦး ရှိခဲ့ပါသည်။
(၆) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ တနေ့တာအတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးတွင် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးဖော်ဆောင်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ တပ်သား (၄၀) ကျော်သေဆုံးခဲ့သည်။ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် စစ်ဆင်ရေးအရှိန်ကို ပိုမိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကော်မရှင်တပ်များနှင့် ပတ်သက်ဆက်နွယ်မှုများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


Leave a Reply