ပွိုင့် ၆၆၆ စခန်းကုန်းအနီးမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာတဲ့ ပြည်သူ့စစ်တပ်သား ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေပိုင်းမှာ ပွိုင့် ၆၆၆ အနီးမှာ နေရာယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက အချို့ဟာ တပ်ဖွဲ့အတွင်းကနေ ထွက်ပြေးကာပြီး ကျန်တပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးရာက အချင်းချင်းတိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
အချင်းချင်းတိုက်ပွဲဖြစ်ပွားရကနေလွတ်မြောက်လာတဲ့ ပြည်သူ့စစ်တပ်သားတွေထဲက ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိထားတာဖြစ်ပါတယ်။
“သူတို့ နှစ်ဖက်ဖြစ်ပြီး ကစဉ့်ကလျားနဲ့ ထွက်ပြေးနေကြတာ။ ဒီဘက်က ၆ ဦးဖမ်းမိထားပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပွိုင့်-၆၆၆ စခန်းကုန်းဟာ ကိုအောက်တိုဘာလမှာ ULA/AA ဘက်က သိမ်းပိုက်ထားပေမယ့် လက်ရှိမှာ စစ်ကော်မရှင်ဘက်က ပြန်လည်ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တွေ ရှိတဲ့ အဲ့ဒီစခန်းကုန်းကို ULA/AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် ပိတ်ဆို့ထားပြီး စခန်းထဲက စစ်ကော်မရှင်တပ်သားတွေ ရိက္ခာနဲ့ ရေ အလုံအလောက်မရရှိတော့တဲ့ အခြေအနေလို့လည်း သိရပါတယ်။
ဒီဇင်ဘာလ ပထမ ပတ်မှာ အဲ့ဒီစခန်းကုန်းကနေ ရိက္ခာထွက်ယူတဲ့ စစ်ကြောင်းကိုလည်း ULA/AA နဲ့ တော်လှန်ရေးအဖွဲ့တွေကိ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။


Leave a Reply