Eko (2025)

မြူခိုးတွေကြားက လျှို့ဝှက်ချက်

ဒီနေ့မှာတော့ “Kishkindha Kaandam” တို့လို နာမည်ကြီးကားတွေကို ဖန်တီးခဲ့တဲ့အဖွဲ့ကနေ ၂၀၂၅ မှာ ထပ်မံတင်ဆက်လိုက်တဲ့ “Eko” ဆိုတဲ့ မလေယာလမ်းကားလေးအကြောင်း ပြောပြချင်ပါတယ်။

ဒီကားကတော့ ထူးခြားတဲ့ ရိုက်ချက်တွေနဲ့အတူ ပရိသတ်ကို ဇာတ်လမ်းပြီးတဲ့အထ အတွေးနယ်ချဲ့စေမယ့်ကားကောင်းတစ်ကားပါ

ဇာတ်လမ်းလေးကတော့ မြူခိုးတွေဖုံးလွှမ်းနေတဲ့ “Kaattukunnu” ဆိုတဲ့ တောင်ကုန်းပေါ်ကအိမ်အိုကြီးတစ်လုံးမှာ စတင်ပါတယ်။

အဲဒီအိမ်မှာ မလာသီဆိုတဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ သားတွေက ငှားရမ်းပေးထားတဲ့ လူငယ်စောင့်ရှောက်သူ ပီယူးစ်တို့ နေထိုင်ကြပါတယ်။

သူတို့ရဲ့ဘဝက အေးအေးဆေးဆေးရှိလှတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ဒီတောင်ကုန်းပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေခဲ့တာပါ။

မလာသီရဲ့ ခင်ပွန်းဖြစ်သူကူရီယာချန်က လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ပျောက်ဆုံးနေတဲ့ နာမည်ကြီး ခွေးမွေးမြူရေးသမား တစ်ယောက်ပါ။

တစ်နေ့မှာတော့ လူစိမ်းတွေက ကူရီယာချန်ကို လိုက်ရှာရင်း ဒီတောင်ကုန်းပေါ်ကို ရောက်လာကြပါတယ်။

တချို့က လက်စားချေဖို့ တချို့ကတော့ ဥပဒေနဲ့အညီ အပြစ်ပေးဖို့ လာကြတာပါ။

ဒီလိုနဲ့ လူစိမ်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့အခါမှာတော့မလာသီနဲ့ ပီယူးစ်တို့ရဲ့ ပုံမှန်ဘဝလေးက ပျက်စီးသွားပြီးအတိတ်က ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက တဖြည်းဖြည်း ပေါ်ထွက်လာချိန်မှာတော့…


Comments

Leave a Reply

Your email address will not be published. Required fields are marked *