Harimau Merah: Intrik Dalaman (2025)

Harimau Merah: Intrik Dalaman (2025) ဆိုတဲ့ကားလေးကတော့ ဂုဏ်သိက္ခာရှိစီးပွားရေးဂိုဏ်းတစ်ခုရဲ့ ပဋိပက္ခတွေ၊သစ္စာဖောက်မှု၊ အာဏာလုမှုနဲ့ ဂိုဏ်းသားဟန်ဆောင်ထားတဲ့ ရဲအရာရှိတစ်ဦးအကြောင်းရိုက်ကူးထားတဲ့ အက်ရှင်၊ ဒရာမာ၊ ရာဇဝတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

သွေးစွန်းကျား ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဘော့စ်က ဟိုတယ်၊စားသောက်ဆိုင်နဲ့ဂေါက်ကွင်းတွေပိုင်ဆိုင်ထားတဲ့ စီးပွားရေးအင်ပါယာတစ်ခုကို ထူထောင်ထားပြီး သူ့ဂိုဏ်းထဲမှာသူ့ရဲ့အယုံကြည်ရဆုံးဖြစ်သူ ဟားကင်ကိုတာဝန်တွေအပ်ထားပါတယ်။

ဘော့စ်ရဲ့ ညီအာဘီက တရားမဝင်မူးယစ်ဆေးဝါးတွေဖြန့်ဖြူးရာမှာ အကိုဖြစ်သူ စီးပွားရေးအင်ပါယာကို အသုံးချနိုင်ဖို့ သူတို့နှစ်ယောက်လုံးကိုလုပ်ကြံပေမယ့် ဟားကင်ကတော့လွတ်မြောက်ထွက်ပြေးသွားပါတယ်။

ခေါင်းဆောင်နဲ့ဟားကင်မရှိတဲ့အချိန်မှာ ဂိုဏ်းရဲ့စည်းကမ်းအရ ဘော့စ်ရဲဲ့သားဖြစ်သူ လော့ခ်မန်ကဆက်ခံရပြီး အဘီကလော့ခ်မန်ကို ကြိုးကိုင်ကာ သူ့ရဲ့ မူးယစ်ဆေးဝါးတွေကိုသိုလှောင်ဖို့ ဘော့စ်ရဲ့ စီးပွားရေးအင်ပါယာကို အသုံးပြုဖို့လုပ်ပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။

Harimau Merah: Resolusi ကြည့်ရန် နှိပ်ပါ


Leave a Reply

Your email address will not be published. Required fields are marked *