မြဝတီမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်မှုဖြစ်ပွား ၊ ကျူးလွန်သူ ကိုဖမ်းဆီး
ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ဖြစ်တာက သုံးရက်လောက် ရှိပြီ သိရတယ်။ အခု အဓမ္မပြု ကျင့်ခံရတဲ့ ကလေးမလေးက နောက်ယောကျ်ားနဲ့ရတာ ။ မိဘတွေက မရှိတော့ဘူး ။ သူ့ကိုထိန်းပေး နေတဲ့ အဒေါ်ပဲရှိတယ်။အဒေါ်ဆိုတာက လည်းဆွေမျိုးမတော်ဘူး ။ အဓမ္မပြုကျင့်တဲ့ အကိုက ဂျလေဘီ ပုံစံပဲ ။ပလုံးကောက်တယ်။သူက ကလေးမလေးကို လာလာခေါ်သွားတာ ။ ကလေးမလေးက ပြောပြမှ သိရတာ။ အဓမ္မသုံးကြိမ် ပြုကျင့်တယ်လို့ ကလေးမ လေးကပြောတယ်။ ကလေးမလေးက ကျောင်းမနေ တော့ဘူး ။ကလေးမလေးက အတက်ရောဂါ လည်းရှိတော့ တက်တဲ့အခါ အသိစိတ် လွတ်တတ်တယ် သိရတယ် ။ သူတို့နေတာက သုဿန်နား မှာနေကြတာ ။ ” လို့ ဖြစ်စဥ် သိရှိတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
အဓမ္မပြုကျင့်ခဲ့တဲ့ အကိုဖြစ်သူက အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက ကျူးလွန်သူကို ဖမ်းဆီး ထိန်းသိမ်းလိုက် တယ်လို့ သိရပါတယ်။
မြဝတီ မြို့ခံ တယောက်က ” အမေတူ အဖေကွဲ ဆိုပေမယ့်လည်း မအေ တယောက်ထဲက မွေးထားတာဆိုတော့ အရင်းအချာပါဘဲ ။ ဒီလို ကိုယ့်သွေးသား အပေါ် လူမဆန်စွာ လုပ်ရပ်မျိုး လုပ်တဲ့သူကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ စောင့်ရှောက်ရမယ့် အစား ယုတ်မာခဲ့တဲ့သူ တိုင်းကို ကြီးလေးတဲ့ အပြစ်ဒဏ် ပေးသင့်တယ်။ ” လို့ မှတ်ချက်ပြု ပြောပါတယ်။
လက်ရှိမှာ အဓမ္မပြုကျင့် ခဲ့တဲ့ အကိုဖြစ်သူကို ရဲစခန်းမှာ ထိန်းသိမ်းထား ပြီး အရေးယူနိုင်ရေး အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းထဲမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့် ခဲ့တဲ့ တရားခံတွေကို နှစ်ရှည် ထောင်ဒဏ် တွေအပြင် တသက်တကျွန်း ၊သေဒဏ် ၊ ထောင်ဒဏ်တသက် လွတ်ရက်မရှိ ကျခံဖို့ အမိန့် ချမှတ်မှု တွေရှိခဲ့ပါတယ် ။
ဓာတ်ပုံ – CJ


Leave a Reply