📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

HAQ (2025) အခွင့်အရေးနှင့် အမှန်တရား

ဒီနေ့မှာတော့ ၂၀၂၅ ရဲ့ အကောင်းဆုံးတရားခွင်အခြေပြု ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ “Haq” အကြောင်း တင်ဆက်ပေးထားပါတယ်။

မင်းသမီး ယာမီ ဂေါင်တမ်နဲ့ မင်းသား အီမရန်ဟတ်ရှ်မီးတို့ အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့ ဒီကားကတော့ တကယ်ဖြစ်ရပ်မှန် “Shah Bano Case” ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ကြည့်နေရင်းနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ့် ကားမျိုးပါ။

ကုဋေ ၄၅ ကုန်ကျခံရိုက်ကူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်

ရှာဇီယာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် သူမက ရှေ့နေတစ်ယောက်ဖြစ်တဲ့ အဘတ်စ်နဲ့ လက်ထပ်ပြီး သားသမီးသုံးယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် အရမ်းအချစ်ခံ အိမ်‌ထောင်ရှင်မဘဝနဲ့အေးအေးဆေးဆေး နေထိုင်လာခဲ့တာပါ။

ဒါပေမယ့် လက်ထပ်ပြီး ၉နှစ်အကြာမှာ အဘတ်စ်က သူမကို အသိမပေးဘဲ ဒုတိယဇနီးတစ်ယောက် ရုတ်တရက်ထပ်မံခေါ်လာခဲ့တဲ့အခါမှာတော့ ရှာဇီယာ့ရဲ့ ကမ္ဘာလေးက တစ်စစီပြိုလဲသွားပါတော့တယ်။

သူမက ဂုဏ်သိက္ခာရှိရှိနဲ့ အိမ်ကနေ ဆင်းသွားခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူက သူမနဲ့ သားသမီးတွေအတွက် ပေးရမယ့် စရိတ်စကတွေကို ရပ်တန့်လိုက်တဲ့အခါမှာတော့ ပြဿနာက စပါတော့တယ်။

ရှာဇီယာက သူမရဲ့အခွင့်အရေးအတွက် တရားရုံးမှာ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတိုက်ပွဲက သာမန်လင်မယားကွာရှင်းတဲ့ တိုက်ပွဲမျိုးမဟုတ်ဘဲ ဘာသာရေး အယူအဆတွေ၊ ရှေးရိုးစွဲ စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြားက ပဋိပက္ခတစ်ခုအဖြစ် ကြီးထွားလာပါတော့တယ်။

တစ်လောကလုံးကိုဆန့်ကျင်ပြီး သူမရဲ့ ရပိုင်ခွင့်အတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာကတော့ တကယ်ကို ထိုင်ရာမထကြည့်ချင်မိအောင် ဆွဲဆောင်နေမှာ အမှန်ပါပဲ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်