ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်ကြေညာ
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။
ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဗင်နီဇွဲလားခေါင်းဆောင် သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတက ကြေ ညာ သည်။
မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားသမ္မတ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက် ကွဲမှုများစွာ ထွက်ပေါ်ခဲ့ကာ အမေရိကန်က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများစွာ ထွက်ပေါ်ခဲ့ကာ အမေရိကန်က ဗင်နီဇွဲလား၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဆို သည်။


Leave a Reply