အင်းစိန်မှာ Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်၊ လူ တစ်ဦးသေဆုံး
ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို အိမ်စီးကားကနောက်ကဝင်တိုက်ခဲ့တာကြောင့် ကားပေါ် ပါလာသူ တစ်ဦးသေဆုံးခဲ့တယ်လို့ တွဲလက်လူမှူကူညီရေးအဖွဲ့ က အသိပေးထားပါတယ်။

ဒီနေ့ (ဇန်နဝါရီ ၃) မနက် ၃ နာရီလောက်မှာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ကြို့ကုန်းမှတ်တိုင် မှာ Gas တန်းစီနေတဲ့ YBS-83 ယာဉ်ကို အိမ်စီးကားတစ်စီးက နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ တွဲလက်လူမှူကူညီရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှာလိုက်ပါလာသူ ငါးဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက ကားထဲမှာညပ်နေတာကြောင့် အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပေးခဲ့ပြီး တွဲလက်ကူညီရေးအဖွဲ့လူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပိုပေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၆ နှစ်ဆန်းမှာ သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိလာတာဖြစ်ပါတယ်။
(အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို တိုက်ခံရမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)


Leave a Reply