CIA ရဲ့ လှုပ်ရှားနိုင်စွမ်းက အတော်ကြောက်စရာကောင်းတယ်။
ထရမ့်အနေနဲ့ ဗင်နီဇွဲလားကို မြေပြင်ထိုးစစ် ဆင်နွှဲလိမ့်မယ်မဟုတ်ဘူးဆိုတာကိုတော့ အစကတည်းက ခန့်မှန်းမိပြီးသားပါ။
ဒါပေမယ့် ဒီနေ့ခေတ်မှာ သမ္မတတစ်ယောက်ကို အထူးတပ်ဖွဲ့တွေနဲ့ ရှောင်တခင်ဝင်ဖမ်းတာမျိုးကိုတော့ လုပ်လို့ရလောက်မယ်မထင်ခဲ့မိဘူး။
CIAက အချိန်ကိုက် ရှောင်တခင်လှုပ်လျားပြသွားတာက တစ်ကမ္ဘာလုံး Shockဖြစ်သွားကြတယ်။
ဗင်နီဇွဲလားမှာလည်း ရုရှ၊ တရုတ်ရဲ့အဆင့်မြင့်ရေဒါတွေနဲ့ S300 Tor M1မြေပြင်မှဝေဟင်ပစ်ဒုံးတွေကို မာဒူရိုရဲ့ပတ်ဝန်းကျင်မှာ အသင့်အနေအထားနဲ့ နေရာချထားပြီးသားပါ။
ဒီစနစ်တွေကို ဘယ်လိုများဖြတ်ကျော်ခဲ့ကြလည်းမသိဘူး။
ဗင်နီဇွဲလား Army ထဲမှာ CIA က ဖရဲသီးတွေမွေးနိုင်ခဲ့တယ်ထင်တယ်
ဗင်နီဇွဲလားကို US က မြေပြင်စစ်ပွဲဆင်နွှဲပါစေလို့ကြိတ်ဆုတောင်းနေတဲ့ တရုတ်ရဲ့ဆုတောင်းကတော့ မပြည့်ခဲ့ဘူး။

အဲ့ဒါမှ သူလည်း ထိုင်ဝမ်ကို တရားဝင်တိုက်လို့ရမှာကိုး။
ဒေါ်နယ်ထရမ့်က ရှီကျင်းပင်ကို ဟာခနဲဖြစ်သွားအောင် တစ်ကွက်ပြသွားတယ်။
တရုတ်အနေနဲ့က US လိုမျိုး ထိုင်ဝမ်သမ္မတကို ရှောင်တခင်ဝင်ဖမ်းနိုင်လောက်တဲ့ Skill မရှိဘူး။
ထိုင်ဝမ်ရေဒါတွေက အမေရိကန်နဲ ဥရောပထုတ်တွေကိုပဲ သုံးထားတာ။
ဒါပေမဲ့ တရုတ်ရဲ့ J20 ကိုယ်ပျောက်ကတော့ နိုင်ငံတကာကသိပ်အထင်ကြီးမထားကြပေမယ့် တကယ်စွမ်းတဲ့ပုံပေါ်တယ်။
ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး ရေတပ်စစ်ရေးလေ့ကျင့်ချိန်မှာ တရုတ်ရဲ့အခြားသောတိုက်လေယာဥ်တွေကို ထိုင်ဝမ်ရေဒါတွေက ထောက်လှမ်းနိုင်ခဲ့ပေမယ့် J20 Mighty Dragon ကိုတော့ မထောက်လှမ်းနိုင်ခဲ့ဘူး။
J20 က ထိုင်ဝမ်မြို့အနားအထိ ဝင်လာပြီး အမြင့်ဆုံးမျှော်စင်ကို ဓာတ်ပုံရိုက်ပြသွားခဲ့တယ်။
ဒါပေမယ့်လည်း ထိုင်ဝမ်ကိုတိုက်ရင် ဂျပန် အမေရိကန်နဲ့ NATO က ဝင်အုပ်နိုင်တာမို့ နဂါးအမြှီးပြတ်ဖြစ်သွားမှာပါပဲ။
မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့် ၁ ဖြစ်လာတဲ့ မင်းအောင်လှိုင်လည်း မူးယစ်အမှုတွေကို ဖိဖိစီးစီး အဖမ်းပြတော့မယ်ထင်တယ်။
✍️ N Kham Aung
ကျနော် ရယ်ချင်တာ တရုတ်ကို…
မှတ်သားစရာလေး သတိထားမိတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းဖို့ အချိန်ပိုင်းအလိုမှာ မအလနဲ့ တရုတ်ခေါင်းဆောင်တွေ တရုတ်ပြည်နဲ့ နေပြည်တော်ကို သွားလိုက် ပြန်လိုက်နဲ့ တရုတ် ခြေရှုပ်ခဲ့တယ်။
အချိန်ပိုင်းတွင်းမှာပဲ မအလ အာဏာ သိမ်းလိုက်တယ်။
တရုတ်က ချက်ခြင်းပဲ မအလ ဘက်ကရပ်ပြီး ဝင်ကာပေးတယ်။
အခုလည်း ဗင်နီဇွဲလားကို အမေရိကန် တိုက်မယ်ဆိုတာ သိတော့ တရုတ်က ချက်ခြင်းပဲ ဗင်နီဇွဲလား သမ္မတနဲ့ သွားတွေ့တယ်။
ရေနံကို တရုတ်က လက်ဦးမှုယူတာ…
သူရှိနေရင် အမေရိကန် ဝင်တိုက်လို့ မရဘူးပေါ့။

အမေရိကန် ဂရုတောင် မစိုက်ဘူး။
မနက်လို တရုတ်နဲ့ တွေ့ဆုံပြီး မပြန်လိုက်ရဘူး
ညရောက်တော့ အမေရိကန် လက်ဦးမှု ယူပြီး သမ္မတကို ဖမ်းလိုက်တယ်။
တရုတ်ပါးစပ်ဖျားမှာတင် ရေနံက လမ်းဆုံးသွားပြီ။
ကမ္ဘာ့ နံပတ် ၁ ရေနံသိုက်ကြီးကို အမေရိကန် ရသွားပြီ
ဒီချိန်လောက်ဆို တရုတ် တောက်ခေါက်နေလောက်ပြီ။
ရုရှား ဘာသံထွက်မလည်း စောင့်ကြည့်ရုံပေါ့…
✍️ မရှိခဏမုဆိုး


Leave a Reply