အာဏာရှင် ဖမ်းဆီးခံရမှုအပေါ် ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗင်နီဇွဲလားပြည်သူများ

ဗင်နီဇွဲလားအာဏာရှင် နီကိုးလပ်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို စနေနေ့ အစော ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များက “အကြီးစား” ညဘက်စစ်ဆင်ရေးတခုအတွင်း ဖမ်းဆီးလိုက်သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက်၊ ဖလော်ရီဒါတောင်ပိုင်းရှိ ဒိုရယ်မြို့ လမ်းမများပေါ်သို့ ဗင်နီဇွဲလားနိုင်ငံသားများ အလုံးအရင်းနှင့် ထွက်လာကြပြီး သမိုင်းဝင် အလှည့် အပြောင်းအတွက် ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြသည်။

ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့၊ ဒိုရယ်အရပ်တွင်လည်း သမ္မတ ထရမ့်၏ ထုတ်ပြန်ချက်အပြီး ဗင်နီဇွဲလားအလံများ ကိုင်ဆောင်ကာ ဗင်နီဇွဲလားနိုင်ငံသားများက အောင်ပွဲခံခဲ့ကြသည်။

ထို့ပြင်ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့ရှိ ဗင်နီဇွဲလားနိုင်ငံသားများကလည်း အောင်ပွဲခံခဲ့ကြသည်။

“ဒါက လွတ်လပ်ခွင့်ရဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အခွင့်အရေးကြီး တကယ်ပဲ ရောက်ရှိလာ တာပါ။ မိသားစုတွေနဲ့အတူ ပြန်လည်ဆုံတွေ့နိုင်ပြီး၊ ပိုကောင်းတဲ့ ဗင်နီဇွဲလားနိုင်ငံသစ်ကို မြင်တွေ့ဖို့ ၂၆ နှစ်ကြာ စောင့်ခဲ့ရတာပါ” ဟု အမျိုးသားတဦးက ပြောကြားခဲ့သည်။

“အမေရိကန်က ဗင်နီဇွဲလားနိုင်ငံနဲ့ သမ္မတ နီကိုးလပ်စ် မာဒူရိုအပေါ် အကြီးစားတိုက်ခိုက်မှုတခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကို ဖမ်းဆီးပြီး နိုင်ငံပြင်ပကို ခေါ်ထုတ်သွားပါပြီ” ဟု သမ္မတ ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။

“ဒီစစ်ဆင်ရေးကို အမေရိကန်ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားပါမယ်” ဟုလည်း ဆက်လက်ဖော်ပြခဲ့သည်။

New York Post မှ Venezuelans celebrate dictator’s capture in jubilant photo

Comments

Leave a Reply

Your email address will not be published. Required fields are marked *