Detective Dee: The Other Shore Flower (2025)

ဒီတစ်ခါလည်း အမှန်တရားဘက်တော်သားကြီး စုံထောက်တီရဲ့ဆန်းကြယ်အမှုဖြေရှင်းတဲ့ ရုပ်ရှင်လေးတစ်ပုဒ်ထွက်လာပါပြီ။
ဇာတ်လမ်းအကျဥ်း
လုကျိုးရဲ့စစ်သူကြီး ခုံချန်ယဲ့ဟာ မသေဆေးဖော်နိုင်တဲ့ သေမင်းတမန်ပန်းကိုလိုက်ရှာရင်း မတော်တဆသေဆုံးသွားခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ မြို့အနှံသေမင်းတမန်ဝိညာဥ်တပ်သားတွေပေါ်ထွက်လာပြီး ပြည်သူတွေကို စိုးရိမ်ခြောက်လှန့်စေခဲ့ပါတယ်။
ဒီဆန်းကြယ်အမှုကို စုံစမ်းဖြေရှင်းဖို့ ဧကရာဇ်က တီရန်ကျယ်ကို အမိန့်ပေးခဲ့ပြီး တီရန်ကျယ်ဟာ ယင်းယန်စစ်သူကြီးနဲ့ပူးပေါင်းပြီး ဆန်းကြယ်အမှုနောက်ကွယ်က အမှန်တရားကို ဘယ်လိုအဖြေရှာသွားမလဲဆိုတာ..
အမှန်တရားဘက်တော်သားကြီး တီရန်ကျယ်ရဲ့ ဉာဏ်ပညာနဲ့ ယင်းယန်စစ်သူကြီးရဲ့ စစ်ဗျူဟာတို့ပေါင်းစပ်ပြီး ဒီလိုဆန်းကြယ်အမှုနောက်ကွယ်မှာရှိတဲ့ ပုန်ကန်မှုကြီးကိုလည်း ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာ ပရိသတ်ကြီးလည်းအတူတူ အဖြေရှာအမှုလိုက်ကြရအောင်နော်။


Leave a Reply